
ရန်ကုန် စက်တင်ဘာ ၃၀
360 Fight Club(III) မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို 360 Sports က စီစဉ်ကျင်းပကာ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့ရုံ၌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား ၅၀ ကီလိုတန်းတွင် ဗူးသီး(Smart Fight Club)နှင့် ဇွဲတံခွန်(ဇွဲမြန်မာ)၊ အမျိုးသား ၅၅ ကီလိုတန်းပြိုင်ပွဲတွင် သြဘာစိန်(ဇာတိမာန်)နှင့် ပြည့်စုံ(Holy Power)၊ ရဲမာန်(YMCA)နှင့် စောလယ်ရဲ(ရိုးရာကျား)၊ နေလင်း(ဇွဲမြန်မာ)နှင့် ဘရန်ဆိုင်း (Python)၊ ကျော်လင်းအောင်(BBH)နှင့် ဆလိုင်းမင်းနိုင် (Fighting Fight Club)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
ထို့အတူ အမျိုးသား ၆၀-၆၃ ကီလိုတန်းပြိုင်ပွဲတွင် စောခေးယူးထူး (ရိုးရာကျား)နှင့် ဇွဲရန်နိုင်(BBH)၊ ထွန်းလင်းအောင်(ကျားမနိုင်)နှင့် စောစတိဗ်(YANGON FIGHT CLUB)၊ ဂျိုးဂျိုး(BBH)နှင့် ညီရဲခန့်(Yangon Fight Club)၊ မင်းခန့်(လုံးချော)နှင့် စောရှောလမုန်(ရိုးရာကျား)၊ မင်းထက်ကျော်(နဂါးမာန်)နှင့် မျိုးအောင်(RAY)၊ အမျိုးသား ၆၇-၇၀ ကီလိုတန်းပြိုင်ပွဲတွင် ဇော်သက်နောင် (Smart Fight Club) နှင့် မိုက်မိုက်(ဇာတိမာန်)၊ ပိုင်စိုးဦး (Oscar)နှင့် မင်းအောင်ကျော် (STL)၊ အမျိုးသား ၇၃-၇၆ ကီလိုတန်းပြိုင်ပွဲတွင် ဝဏ္ဏကြီး (Transcend) နှင့် ထွန်းမင်းအောင်(ထွန်းထွန်းမင်း)တို့ ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးဆက်သစ်တန်း လက်ဝှေ့ပြိုင်ပွဲကျင်းပလာသည်မှာ သုံးပွဲမြောက် ဖြစ်ပြီး ပွဲစဉ်(၁)နှင့် ပွဲစဉ်(၂)တို့တွင် လူငယ်ပြိုင်ပွဲဖြစ်သည်နှင့်အညီ ပရိသတ်များ အကြိုက်တွေ့ခဲ့ကြသည်။ ယခုပြိုင်ပွဲတွင် မြန်မာ့ လက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ညီဖြစ်သူ ထွန်းမင်းအောင်နှင့် ဆရာ ဘိုဘိုလှိုင်၏တပည့် ဝဏ္ဏကြီးတို့၏ အထူးစိန်ခေါ်ပွဲပါဝင်ကာ တွဲဆိုင်း ၁၃ ဆိုင်း ထိုးသတ်ကြမည်ဖြစ်၍ အနာဂတ်လက်ဝှေ့ကျော်တို့၏ ထိုးသတ်မှုများကို ပရိသတ်များ အားရဖွယ်မြင်တွေ့ကြရမည်ဖြစ်သည်။
အဆိုပါ 360 Fight Club(III) မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို 360 Sports Facebook Page၊ 360 Sports You Tube Channel နှင့် Channel K ရုပ်သံလိုင်းတို့က တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး