ဝင်းနားအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ပိုတာပိုဗာ ထိုက်ထိုက်တန်တန် တက်လှမ်း

 

ရိုမေးနီးယားနိုင်ငံ၌   ကျင်းပလျက်ရှိသည့်   ဝင်းနား အိုးပင်း   အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ   ကွာတား ဖိုင်နယ်တွင်     ရုရှားတင်းနစ်မယ်  အနာစတာစီယာ ပိုတာပိုဗာက ဟန်ဂေရီ  တင်းနစ်မယ်ကို   အနိုင်ရရှိ ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။  
အဆိုပါ   ပြိုင်ပွဲတွင်  အသက် ၂၁ နှစ်အရွယ် ပိုတာပိုဗာက ပြိုင်ဘက်ကို  အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ပြီး   ၇-၅၊  ၆-၃၊  ၆-၁ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်လှမ်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ 

 


ဝင်းနားအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ပိုတာပိုဗာ နှင့်အတူ တရုတ်တင်းနစ်မယ် ဝမ်၊ ရုရှားတင်း နစ်မယ်   ဘီလင်ကိုဗာ၊ အီတလီတင်းနစ်မယ် ပါအိုလီနီတို့   တက် ရောက်နိုင်ခဲ့သည်။  ဆီမီးဖိုင်နယ်တွင်   ပိုတာပိုဗာက  ဘီလင်ကိုဗာနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး  ဝမ်က ပါအိုလီနီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အောင်ဇော်