ONE 163 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် အိုကာမီတို့၏ စိန်ခေါ်ပွဲပါဝင်

 

ရန်ကုန်  အောက်တိုဘာ  ၁၈

 


ONE   Championship   အဖွဲ့အစည်းသည် နိုဝင်ဘာ ၁၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ONE 163 အမည်ရပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ယင်း ပြိုင်ပွဲတွင်   အောင်လအန်ဆန်နှင့်  အိုကာမီတို့၏ မစ်ဒယ်ဝိတ်တန်း           စိန်ခေါ်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

 


 အောင်လအန်ဆန်နှင့် အိုကာမီသည် ပြီးခဲ့သည့်နှစ်ကတည်းက ထိုးသတ်မည်ဟု   သတင်းများ  ထွက်ပေါ်ခဲ့သော်လည်း   နိုဝင်ဘာ ၁၉ ရက်မှသာ   ထိုးသတ်နိုင်ခြင်း ဖြစ်သည်။

 


အောင်လအန်ဆန်သည်  ယခုနှစ်အတွင်း  ဒုတိယမြောက် စိန်ခေါ်ပွဲ    ထိုးသတ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသား  အိုကာမီမှာမူ ၂၀၁၉ နောက်ပိုင်း   စိန်ခေါ်ပွဲ   ပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။     အောင်လအန်ဆန်သည်  ၂၀၂၂ ခုနှစ်   ဖေဖော်ဝါရီတွင်  ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် နှင့်   ထိုးသတ်ပြီးနောက်  ယခုမှ   ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံခါးပတ် လက်လွတ်ခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ်ခဲ့ရာ အနိုင်ရခဲ့သော်လည်း  ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီတွင်   ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ရာတွင် အမှတ်ဖြင့် အရေးနိမ့်ခဲ့သည်။

 


 အောင်လအန်ဆန်သည် ယခင်က မစ်ဒယ်ဝိတ်တန်းနှင့်  လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၂၀ အောက်တိုဘာနှင့် ၂၀၂၁ ဧပြီတွင် အရေးနိမ့်ကာ လက်လွတ်ခဲ့ရပြီးနောက် စိန်ခေါ်ပွဲများသာ ထိုးသတ်နေရခြင်းဖြစ်သည်။

 


ရဲရင့်လွင်
ဓာတ်ပုံ-Aung La NSang Facebook