
ရန်ကုန် အောက်တိုဘာ ၁၈
၂၀၂၂ ခုနှစ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘတ်စကက် ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသားတံခွန်စိုက်ဖလား အမျိုးသား အမျိုးသမီး အလွတ်တန်းဘတ်စကက် ဘော ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသည်။
အဆိုပါဗိုလ်လုပွဲ အမျိုးသမီးပြိုင်ပွဲ တွင် M.O.H.A. အသင်းက Power အသင်းကို ၆၁ မှတ် ၃၆ မှတ်ဖြင့်လည်း ကောင်း၊ အမျိုးသားပြိုင်ပွဲတွင် RRY အသင်းက M.O.H.A. အသင်းကို ၉၂ မှတ် ၇၇ မှတ်ဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲများအပြီး အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ M.O.H.A. အသင်း၊ ဒုတိယ ဆုရ Power အသင်း၊ အမျိုးသားပြိုင်ပွဲ တွင် ပထမဆုရ RRY အသင်း၊ ဒုတိယ ဆုရ M.O.H.A. အသင်း၊ တတိယဆုရ Sam Par Oo အသင်းနှင့် အမျိုးသား အကောင်းဆုံး အားကစားသမားဆု ရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်နှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက ဆုချီးမြှင့်ပေးသည်။
ထို့နောက် အမျိုးသားအလွတ်တန်း ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရ RRY အသင်း နှင့် အမျိုးသမီးတံခွန်စိုက်ဆုရ M.O.H.A အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက် ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်း က တံခွန်စိုက်ဖလား ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။ အာကာစိုး