
(၆၆) ကြိမ်မြောက်အဖြစ် ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ကမကထပြုချီးမြှင့် သည့် ၂၀၂၂ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲတွင် ရီးရဲမက်ဒရစ်အသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား ကာရင် ဘင်ဇီမာက မာနေးနှင့် ဒီဘရိုင်းတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးအမျိုး သား ရွှေဘောလုံးဆုကို ကစားသမား ဘဝ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည်။
၎င်းသည် ၂၀၂၁-၂၀၂၂ ရာသီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၄၆ ပွဲတွင် ၄၄ ဂိုးအထိ သွင်းယူကာ ရီးရဲမက်ဒရစ် အသင်းကို ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါအမှတ်ပေးဖလားတို့ကို ဆွတ် ခူး ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဘာစီ လိုနာအသင်းမှ လူငယ်ကြယ်ပွင့် ဂါဗီက အကောင်းဆုံး လူငယ်ကစားသမား ဆုဖြစ်သည့် ကိုပါဆုကို ရရှိခဲ့သည်။ အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကို ရီးရဲမက်ဒရစ်အသင်းမှ ဂိုးသမားဖြစ်သူ ကော့တွိုက်စ်က ရရှိခဲ့ ပြီး ဂတ်မူလာဆုကို ဘာစီလိုနာအသင်း မှ လီဝမ်ဒေါစကီးက ရရှိခဲ့သည်။
အကောင်းဆုံး အမျိုးသမီး ရွှေ ဘောလုံးဆုကို ဘာစီလိုနာအသင်းမှ ပူတဲလပ်စ်က အာဆင်နယ်မှ မိဒ်နှင့် ချယ်ဆီးမှ ဆမ်ကားတို့ကို ကျော်ဖြတ် ကာ နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၂၈ နှစ်အရွယ် ပူတဲလပ်စ်သည် ဒဏ်ရာကြောင့် စပိန်အသင်း၏ ယူရို ၂၀၂၂ ပြိုင်ပွဲကို လွဲချော်ခဲ့သူ ဖြစ် သည်။
အောင်ဇော်