
ပရီမီယာလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းသည် အောက်တို ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဖူလ်ဟမ်အသင်းက ဗီလာကို သုံးဂိုး ပြတ်အနိုင်ရရှိခဲ့သောပွဲစဉ်အပြီး ဂျရတ်ကို နည်းပြအဖြစ်မှ ထုတ် ပယ်လိုက်ပြီ ဖြစ်သည်။
ဗီလာအသင်းသည် ယခုနှစ်ရာသီ နည်းပြ ဂျရတ်လက်ထက် ၌ ပုံစံကောင်းပျောက်ဆုံးနေပြီး လိဂ် ၁၁ ပွဲတွင် နှစ်ပွဲသာ နိုင်ပွဲ ရရှိထားပြီး ရမှတ် ကိုးမှတ်သာ ရရှိထားသည်။ ထို့အပြင် ဂျရတ် သည် အက်စ်တွန်ဗီလာအသင်းကို စတင်တာဝန်ယူကိုင်တွယ် ၁၁ လတာကာလအတွင်း စုစုပေါင်း ပွဲ ၄၀ တွင် ၁၃ ပွဲသာလျှင် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ကြောင်း သိရသည်။
ဂျရတ်သည် ရိန်းဂျားအသင်းမှထွက်ခွာပြီးနောက် အက်စ် တွန်ဗီလာအသင်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဒိန်းစမစ်၏ နေရာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက နွေရာသီတွင် အင်္ဂလန်ခံစစ်ကစာသမား မင့်စ်ကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားကာ မက်ဂင်ကို အစားထိုးခန့်အပ်လိုက်ပြီးနောက် အသင်း၏ ရလဒ်များတဖြည်းဖြည်းဆိုးရွားလာခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
မိုးဇက်