
ရန်ကုန် အောက်တိုဘာ ၂၅
ONE Championship အဖွဲ့အစည်းက စီစဉ်သည့် ONE 164 ပြိုင်ပွဲတွင် မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန်၏ ပွဲစဉ် ပါဝင်လာမည်ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံသားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ် သည်။
ONE Championship အဖွဲ့အစည်း သည် ဒီဇင်ဘာ ၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ONE 164 ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး ထီရယ်လ်ထန်၏ တွဲဆိုင်း ပါဝင်လာခြင်း ဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စိန်ခေါ်ပွဲထိုးသတ် ပြီးနောက် နှစ်ကုန်ပိုင်းမှသာ ဒုတိယမြောက်ပွဲစဉ် ထိုးသတ်ရခြင်း ဖြစ်သည်။
ထီရယ်လ်ထန်သည် ဘင်တန်ဝိတ် တန်း စိန်ခေါ်ပွဲအဖြစ် ဖိလစ်ပိုင် နိုင်ငံသား ပါကာတီနှင့် ထိုးသတ်ရ မည်ဖြစ်သည်။
ထီရယ်လ်ထန်သည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲအပြီး စိန်ခေါ်ပွဲ ငါးပွဲ ထိုးသတ်ထားရာ သုံးပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားပြီး နောက်ဆုံးထိုးသတ် သည့်ပွဲတွင် တားမြစ်ထားသည့် နေရာကို ထိုးသတ်မိသဖြင့် ပွဲမပြီးမီ ရပ်နားခဲ့ရသည်။
ထီရယ်လ်ထန်နှင့် ထိုးသတ်ရ မည့် ပါကာတီသည် ၎င်းထက် ပြိုင်ပွဲအတွေ့အကြုံများသူ ဖြစ် သည်။
ရဲရင့်လွင်
ဓာတ်ပုံ- ထီရယ်လ်ထန် Facebook