ဟံသာဝတီအသင်း ခုနစ်ပွဲဆက်အနိုင်ရပြီး ဒုတိယနေရာအတွက် ဆက်လက်ဖိအားပေး

 

ရန်ကုန်   အောက်တိုဘာ   ၂၆


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) စတုတ္ထနေ့အဖြစ် ဟံသာ ဝတီအသင်းနှင့် မြဝတီအသင်းတို့ အောက်တိုဘာ ၂၆ ရက်က သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားရာ  ဟံသာဝတီအသင်းက   သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဒုတိယအကျော့တွင်   ခြေစွမ်းရော   ရလဒ်ပိုင်းပါ   သိသိသာသာ တိုးတက်လာသည့်   ဟံသာဝတီအသင်းသည်    ခုနစ်ပွဲဆက်အနိုင်ရပြီး ဒုတိယနေရာအတွက် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ဟံသာဝတီ အသင်းသည် မြဝတီကို ပထမအကျော့ရှုံးကြွေးပြန်ဆပ်ပြီး ခုနစ်ပွဲဆက် အနိုင်ရလဒ်ကြောင့်   ရာသီကုန်တွင်   ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် အခြေအနေကောင်းသွားခဲ့သည်။ မြဝတီအသင်းမှာမူ နိုင်ပွဲရရန် ကြိုးပမ်း ခဲ့သော်လည်း ဦးဆောင်ဂိုးကို မထိန်းနိုင်သဖြင့် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။   


ဟံသာဝတီအသင်းသည် ပြည့်ဖြိုးအောင်-၂ (ဂိုး)၊ ရဲရင့်အောင်၊ ရွှေလှိုင်ဝင်း၊ ဝင်းမိုးကျော်၊ ခွန်ကျော်ဇင်ဟိန်း၊ ဇင်မင်းထွန်းတို့ဖြင့် ပွဲထွက် ခဲ့ပြီး မြဝတီအသင်းကလည်း ထွန်းနန္ဒဦး (ဂိုး)၊ နိုင်ဇင်ထက်၊ ရဲမိုးယံစသည့် အမာခံအများစုဖြင့် ပွဲထွက်ခဲ့သည်။ ၁၂ မိနစ်တွင် မြဝတီအသင်း ဂိုးစတင်ရရှိခဲ့ပြီး  ထောင့်ကန်ဘောမှတစ်ဆင့် သော်ဇင်ထွေးက ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။     ဂိုးပေးလိုက်ရပြီးနောက်ပိုင်း တွင်   ဟံသာဝတီအသင်း    ချေပဂိုးရရန်  တောက်လျှောက်     ကြိုးပမ်းခဲ့သော်လည်း မြဝတီအသင်းက        အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ချေပဂိုးရရန် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သော် လည်း  မိနစ်    ၇၀  ကျော်အထိ  ဂိုးပြန်မရဘဲ ၇၄ မိနစ်မှ ချေပဂိုးရခဲ့သည်။ ဟံသာဝတီအသင်း အတွက် ချေပဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ပြန်လျှံထွက်လာသောဘောလုံးကို ခွန်ကျော် ဇင်ဟိန်းက     ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ချေပဂိုးပြန်ရသွားသဖြင့် ဟံသာဝတီအသင်း စိတ်ဓာတ်တက်သွားပြီး  ၈၂  မိနစ်တွင်  ခွန် ကျော်ဇင်ဟိန်း၊ ၈၇ မိနစ်တွင် အောင်မြတ်သူ တို့က အနိုင်ဂိုးများသွင်းယူခဲ့သည်။ ယခုပွဲအပြီး တွင် ဟံသာဝတီအသင်းက ၁၆ ပွဲကစား ရမှတ် ၃၂ မှတ်၊ မြဝတီအသင်းက ၁၅ ပွဲကစား ရမှတ် ၂၄ မှတ် ရရှိထားသည်။
ပွဲစဉ် (၁၇) နောက်ဆုံးနေ့အဖြစ် အောက် တိုဘာ ၂၇ ရက် (ယနေ့) တွင် ရခိုင်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 


ရဲရင့်လွင်