၂၀၂၂ ခုနှစ် ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးပွဲပြုလုပ်

 

နေပြည်တော် အောက်တိုဘာ   ၂၇


မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူး၍ ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက်မှ   ဒီဇင်ဘာ  ၁  ရက်အထိ  ကျင်းပပြုလုပ်မည့်  ၂၀၂၂  ခုနှစ် ထိုင်းဖိတ်ခေါ်  ပြေးခုန်ပစ်ပြိုင်ပွဲ        ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်ယူလူရွေးချယ်ပွဲကို ယနေ့ နံနက်  ၇  နာရီတွင်   ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌     ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 


အဆိုပါ     လူရွေးချယ်ပွဲသို့ ပြိုင်ပွဲဝင်       အားကစားသမား စုစုပေါင်း  ၅၀  တို့မှ ပြိုင်ပွဲအမျိုး အစား   ၂၀  မျိုးတွင်  လာရောက် အရွေးချယ်ခံခဲ့ကြရာ  အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အား ကစားနှင့်    ကာယပညာဦးစီးဌာန  ဒုတိယ     ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်    တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ      လာရောက် ကြည့်ရှု  အားပေးခဲ့ကြကြောင်း  သိရသည်။


အားကာမောင်