မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံး

 

ရန်ကုန်  အောက်တိုဘာ   ၂၉
၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) ကို အောက်တိုဘာ ၂၈ ၊ ၂၉   ရက်က   ကျင်းပပြီး   ပထမအကျော့အပြီးတွင်  လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပထမအကျော့နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၇) တွင် သစ္စာအားမာန်အသင်းက တနင်္သာရီအသင်းကို ၁၀ ဂိုး - နှစ်ဂိုး၊ အား/ကာသိပ္ပံအသင်းက YREO အသင်းကို သုံးဂိုး - တစ်ဂိုး၊ မြဝတီအသင်းက အား/ကာ  ဦးစီးဌာနအသင်းကို  နှစ်ဂိုး - တစ်ဂိုးဖြင့်  အနိုင်ရခဲ့သည်။ ပထမအကျော့နောက်ဆုံးပွဲတွင်   အသင်းကြီးများအားလုံး  အနိုင်ရခဲ့ပြီး အား/ကာသိပ္ပံအသင်းအနေဖြင့်   ထိပ်ဆုံးတွင်  ဦးဆောင်နေသော်လည်း သစ္စာအားမာန်နှင့်   မြဝတီအသင်းတို့က  ရမှတ်မကွာဘဲ  ဖိအားပေးနေ သဖြင့်   ဒုတိယအကျော့တွင်   အမှားပြုလုပ်၍မရဘဲ  နိုင်ပွဲဆက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ   ပထမအကျော့    ပြီးဆုံးသွားပြီဖြစ်ပြီး လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက ရမှတ် ၁၆ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေကာ   သစ္စာအားမာန်အသင်းက ၁၅  မှတ်၊ မြဝတီအသင်းက  ၁၃ မှတ်၊  အား/ကာသိပ္ပံအသင်းက  ကိုးမှတ်၊ Young Lionesses အသင်းက ခြောက်မှတ်၊ YREO အသင်းက သုံးမှတ်ရထားပြီး   တနင်္သာရီအသင်းက  ခြောက်ပွဲစလုံးအရေးနိမ့်သည်။          ရဲရင့်လွင်