မန်ယူအနေဖြင့် အမှတ်ပေးဖလားဆွတ်ခူးရန် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ဂွါဒီယိုလာ ပြော

 

မန်ယူအသင်းအနေဖြင့်  အမှတ်ပေးဖလားဆွတ်ခူးနိုင်မည့်  လမ်း ကြောင်းမှန်ပေါ် ရောက်ရှိလာပြီဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။ 

 


မန်ယူအသင်းသည် ပရီမီယာလိဂ်အမှတ်ပေးဖလားကို ၂၀၁၃ ခုနှစ် နောက်ပိုင်း ဆွတ်ခူးထားနိုင်ခြင်း မရှိချေ။ သို့သော်လည်း မန်ယူအသင်း သည် မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် ခုနစ်ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်လာပြီ ဖြစ်သည်။ မန်ယူအသင်းအနေဖြင့် နည်းပြသစ် တန်ဟက် လက်ထက်မှာ အပြုသဘောဆောင်သည့် အပြောင်းအလဲတွေ ကို မြင်တွေ့ကြောင်း        နည်းပြဂွါဒီယိုလာက   ပြောသည်။  ထို့ပြင် ယူနိုက်တက် ပြန်လာပြီဟု ခံစားမိကြောင်း ၎င်းက ဆက်ပြောသည်။

 


မန်ယူအသင်းသည် လက်ရှိတွင် ပရီမီယာလိဂ် ၁၁ ပွဲ ကစားပြီး ရမှတ် ၂၀ ရရှိထားသည်။ ထို့အပြင် မန်ယူအသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း အုပ်စုပွဲများ မပြီးဆုံးမီ နောက်တစ်ဆင့်သို့ တက် ရောက်ထားနိုင်ပြီ ဖြစ်သည်။ 

မိုးဇက်