
နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသက် ၁၆ နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ တတိယလုပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားကွင်း၌ ကျင်းပ ရာ တနင်္သာရီတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသ ကြီးအသင်းကို ခြောက်ဂိုး-ငါးဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး တတိယရရှိခဲ့ သည်။
အဆိုပါပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီးအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယင်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကို မြန်မာ့ ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုး တိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ် ကြောင်း၊ နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြ မည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင် စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်