
ရန်ကုန် နိုဝင်ဘာ ၂
၂၀၂၄ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို နိုဝင်ဘာ ၃ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ ခြေစစ်ပွဲများကို အဆင့်နှစ်ဆင့် ခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်ခြေစစ်ပွဲအုပ်စုများကို ယနေ့ မဲနှိုက်ရေးဆွဲခြင်းဖြစ်သည်။
အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်တွင် အသင်း စုစုပေါင်း ၃၁ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ရှစ်ခုခွဲ၍ ကျင်းပမည် ဖြစ်သည်။
နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်းအပါအဝင် မြောက် ကိုရီးယား၊ တောင်ကိုရီးယားနှင့် ၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အိမ်ရှင်နိုင်ငံဖြစ်သော ဥဇဘက်ကစ္စတန်အသင်းတို့မှာ ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ပထမအဆင့် ခြေစစ် ပွဲကို ၂၀၂၃ ခုနှစ် မတ် ၄ ရက်မှ ၁၂ ရက် အထိ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲ ပထမအဆင့်တွင် အုပ်စုရှစ်ခုမှ ထိပ်ဆုံး ရှစ်သင်းမှာ ဒုတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များအရ Pot-1 တွင် သြစတြေးလျ၊ တရုတ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ လက်ဘနွန်၊ Pot-2 တွင် တရုတ် တိုင်ပေ၊ အိန္ဒိယ၊ မလေးရှား၊ ယူအေအီး၊ Pot-3 တွင် မွန်ဂိုလီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂူအမ်၊ တာဂျစ် ကစ္စတန်၊ ပါကစ္စတန်၊ ဘူတန်၊ Pot-4 တွင် အင်ဒိုနီးရှား၊ အီရတ်၊ မြောက်မာရီယာနာ ကျွန်းစု၊ ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ အိမ်ရှင် Host Pot တွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ လာအို၊ ပါလက်စတိုင်း၊ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ ပါဝင်နေသည်။
အာရှဖလား ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်တွင် အသင်း စုစုပေါင်း ၂၉ သင်း ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ် သည်။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပ မည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး တစ်သင်းစီသာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ပထမ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်းအပါအဝင် မြောက်ကိုရီးယား၊ တရုတ်နှင့် ၂၀၂၄ အာရှ ဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့် အိမ်ရှင်နိုင်ငံဖြစ်သော အင်ဒိုနီးရှား အသင်းတို့မှာ ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ခြေစစ်ပွဲအုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက် များအရ Pot-1 တွင် သြစတြေးလျ၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အီရန်၊ ဖိလစ်ပိုင်၊ Pot-2 တွင် တရုတ် တိုင်ပေ၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်၊ လက်ဘနွန်၊ မလေးရှား၊ Pot-3 တွင် နီပေါ၊ ယူအေအီး၊ ပါလက် စတိုင်း၊ မြောက်မာရီယာနာကျွန်းစု၊ Pot-4 တွင် ဘာရိန်း၊ ဘူတန်၊ အီရတ်၊ တာ့ခ်မင် နစ္စတန်၊ ကမ္ဘောဒီးယား၊ အိမ်ရှင် Host Pot တွင် ဂူအမ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂို လီးယား၊ စင်ကာပူ၊ တာဂျစ်ကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေ သည်။
ရဲရင့်လွင်