၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တန်းကစားသမားအချို့ လွဲချော်ဖို့ရှိနေ

 

ကမ္ဘာတစ်ဝန်းက  ဘောလုံးချစ် ပရိသတ်တွေ   မျှော်လင့်စောင့်စား နေတဲ့       ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ မကြာမီအချိန်မှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စတင်ကျင်းပ တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့    လက်ရှိချန်ပီယံက ပြင်သစ်အသင်းဖြစ်ပြီး    ၂၀၁၈ ခုနှစ်မှာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ခရိုအေးရှားကို လေးဂိုး- နှစ်ဂိုးနဲ့ အနိုင်ရရှိပြီး အသင်း သမိုင်းတစ်လျှောက် နှစ်ကြိမ်မြောက် ဆွတ်ခူးထားတာပါ။ 

 


ကာတာနိုင်ငံမှာ ကျင်းပတော့မယ့် (၂၂) ကြိမ်မြောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ် တယ်လို့ သိရပါတယ်။  

 


အဲဒီ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၃၂ သင်း ပါဝင်ပြီး နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ မြို့တော် ဒိုဟာနှင့် အခြားမြို့ လေးမြို့ရှိ အားကစားကွင်း ရှစ်ကွင်းမှာ သိုက်သိုက်မြိုက်မြိုက်နဲ့ကျင်းပ သွားမှာ  ဖြစ်ပါတယ်။  ယခင်   ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို  မေလနဲ့  ဇူလိုင် လကြား  ကျင်းပလေ့ရှိသော် လည်း      ကာတာနိုင်ငံရဲ့      အပူဒဏ်ကို  ရှောင်ရှားနိုင်ရန် အလို့ငှာ     အေးတဲ့ရာသီမှာ ပြောင်းရွှေ့ကစားဖို့    ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်  (ဖီဖာ)  က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

 


အဲ့ဒါကြောင့်       ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ   ၁၉၃၀ ပြည့်နှစ်   ကမ္ဘာ့ဖလား   စတင်ယှဉ်ပြိုင်ကစားပြီးကတည်းက နောက်အကျဆုံး ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်လာ မှာပါ။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်ကို နိုဝင်ဘာ ၂၀ ရက်မှာ    အိမ်ရှင်ကာတာနဲ့ အီကွေဒေါအသင်းတို့  စတင် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

 


ပြိုင်ပွဲကျင်းပဖို့   နီးကပ် လာသော်လည်း     သက်ဆိုင် ရာ   ကလပ်အသင်းတွေမှာ ခြေစွမ်းပြကစားနေပြီး ကမ္ဘာ့ ထိပ်တန်းအဆင့်ရှိတဲ့   ကစား သမားအချို့ကတော့ ဒဏ်ရာ ကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။ အဲဒီ  ကစားသမားတွေထဲမှာ ကန်တီ၊  ဂျိုတာ၊  ရေစီဂျိမ်းစ်၊  နီတို၊  ကာမာရာ၊  ပေါ့ဂ်ဘာ၊ အာရာဂျို၊       ဘော်နာဆား၊ ရီကာဒို ပါရဲရား၊ ရော်ဘင်ဆင်၊ တီမိုဝါနာ၊ ဘင်ချီဝဲစတဲ့ ကစား သမားတွေအပြင်     ဘိုင်ယန်မြူးနစ်အသင်းမှ    ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးလည်း  ဒဏ်ရာကြောင့် ပါဝင် ကစားဖို့ မသေချာဘူးလို့ နိုင်ငံတကာသတင်း ရင်းမြစ်တွေမှာ အကျယ်တဝင့်  ဖော်ပြထားတာ  တွေ့ရတယ်။   ဒါ့အပြင် လီဗာပူးအသင်းမှ ဘရာဇီးတိုက်စစ်ကစားသမား ဖာမီနိုနဲ့  မန်ယူ အသင်းမှ စပိန်ဂိုးသမား ဒီဂီယာလည်း အသင်းကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရတာကြောင့် ကာတာကမ္ဘာ့ဖလားအိပ်မက်    အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ 
 

မိုးဇက်