
ဘိုင်ယန်မြူးနစ်နှင့် ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယို မာနေးသည် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော် တော့မည်ဖြစ်ကြောင်း သိရသည်။
မာနေး (၃၀နှစ်) အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် ကိုသာ လွဲချော်မည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် ဆီနီဂေါဘောလုံး အဖွဲ့ချုပ်က ပြောကြားထားသော်လည်း အဆိုပါ ဒဏ်ရာကို နောက်ထပ် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ကစားခွင့်နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ဆီနီဂေါအသင်းသည် ကမ္ဘာ့ ဖလား ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက်တွင် နယ်သာလန်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
မိုးဇက်