
ရန်ကုန် နိုဝင်ဘာ ၁၉
ONE Championship အဖွဲ့ အစည်းက ကျင်းပသည့် ONE 163 ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် က ဂျပန်နိုင်ငံသား အိုကာမီကို ပထမအချီမှာပင် အနိုင်ရရှိခဲ့သည်။
အောင်လအန်ဆန်သည် ယခု နှစ်အတွင်း ဒုတိယ မြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။
အောင်လအန်ဆန် သည် ပထမအချီအစမှာပင် အနိုင်ရခဲ့ ခြင်းဖြစ်ပြီး အိုကာမီ၏ ချုပ်ကွက် ကို ရှောင်ထွက်ကာ အနိုင်ယူ ခဲ့ခြင်းဖြစ်သည်။ အောင်လ အန်ဆန်သည် ခြေကန်ချက် ဖြင့် စတင်ထိုးသတ်ခဲ့ပြီး အိုကာမီ က ချုပ်ကွက်ဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ အိုကာမီသည် ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်လ အန်ဆန်က ရုန်းထွက်နိုင်ခဲ့ သည်။ အိုကာမီသည် နောက် တစ်ကြိမ် ထပ်ချုပ်ရန် ကြိုးပမ်းရာ အောင်လအန်ဆန်၏ ဒူးတိုက် ချက်မိပြီး ယိုင်ဆင်းလဲကျခဲ့ကာအောင်လအန်ဆန်က တရစပ်ထိုးသတ်ခဲ့ သည်။ အောင်လအန်ဆန်သည် ပွဲသိမ်းနိုင်ရန် တရစပ်ထိုးသတ်ရာ ၁ မိနစ် ၄၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ဖေဖော်ဝါရီလက ထိုးသတ်သည့်ပွဲတွင် ရုရှား နိုင်ငံသား ဘစ်ဒက်ရှ်ကို အရေးနိမ့်ခဲ့ပြီး ယခုပြန်လည်ထိုးသတ်သည့် စိန်ခေါ်ပွဲတွင် အိုကာမီကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အိုကာမီသည် အဖွဲ့ အစည်းမျိုးစုံနှင့် ပြိုင်ပွဲများထိုးသတ်ဖူးသူဖြစ်ပြီး ယခုပွဲတွင်မူ အောင်လအန်ဆန်ကို ပွဲအစ နှစ်မိနစ်အတွင်းမှာပင် အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-ONE