နိုင်ငံစီးပွားပြိုလဲပျက်စီးရေး အကြမ်းဖက်လမ်းညွှန်မှုကို ဆန့်ကျင်

 

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေခံများကို အကြမ်းဖက်ဖျက်ဆီး ရေးအတွက် အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့တစ်ခုက NUG  နှင့်  မြန်မာပြည်တွင်းမှ   အကြမ်းဖက်အဖျက်အုပ်စု များကို နည်းပေးလမ်းပြ ပြုလုပ်နေပြီး NLD အစိုးရက အမေ ရိကန်ထံတွင်  တိတ်တဆိတ်အပ်နှံထားသည့်  အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကို  NUG  က  သုံးစွဲခွင့်ပြုရန် တောင်းဆိုနေကြောင်းနှင့်  NUG ၏ အကြမ်းဖက်လုပ်ငန်း များတွင် မြန်မာနိုင်ငံပိုင် အဆိုပါ ငွေကြေးကို သုံးစွဲနိုင်ရန် ကြံစည်နေသည်ဟု ယူဆနိုင်ကြောင်း ဆောင်းပါးရှင်တစ်ဦး က တင်ပြခဲ့ရာ မိမိတို့နိုင်ငံတော်ကြီး ပြိုလဲပျက်စီးရေးအတွက် အတွင်းနှင့်အပြင်ပေါင်း၍    မည်မျှကြံစည်ကြိုးပမ်းနေကြ ကြောင်းကို ပြက်ပြက်ထင်ထင်တွေ့မြင်ရသည်။ ထို့အပြင် အကြမ်းဖက်အဖျက်သမားများနှင့် ၎င်းတို့၏ လုပ်ရပ်များကို ကာကွယ်တားဆီးနိုင်ရေးတွင်      ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်လည်း   တပ်လှန့်နှိုးဆော်ရန်   လိုအပ် လာသည်။

 


မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံများအကြား မဟာ ဗျူဟာ အားပြိုင်ကြသည့် အင်ဒို ပစိဖိတ်ဒေသ၏ အချက်အချာ အရှေ့တောင်အာရှတွင် တည်ရှိနေပြီး ပထဝီအနေအထားအရ ရော ပြည်တွင်းနိုင်ငံရေး အခြေအနေအရပါ အင်အားကြီးတို့၏ ဝင်ရောက်စွက်ဖက်လှုပ်ရှားရန် အလားအလာများ ရှိနေသည့် နိုင်ငံဖြစ်သည်။ အင်ဒို  ပစိဖိတ်ရပ်ဝန်းသည် အရှေ့အာရှ နှင့် အရှေ့တောင်အာရှနိုင်ငံများ၊ ယင်းနိုင်ငံများ၏ ကမ်းရိုးတန်း များနှင့် ကမ်းလွန်ပင်လယ်ပြင်များ ပါဝင်ပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ   တည်ရှိရာဒေသဖြစ်သည်။   ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်ကျော် (၅၈ ရာခိုင်နှုန်း) နေထိုင်ရာ ဒေသဖြစ်သကဲ့သို့   နှစ်စဉ်  အင်ဒို ပစိဖိတ်ဒေသရေပြင်ကို ကျော်ဖြတ်၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်ဖိုး ကူးသန်းရောင်းဝယ်နေခြင်းဖြစ်သည်။ အင်ဒို ပစိဖိတ်ဒေသ သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးတိုးတက်နေသော ဒေသ လည်းဖြစ်ရာ ကမ္ဘာ့အချက်အချာကို လွှမ်းမိုးနိုင်ရန် အင်အား ကြီးတို့ ပြိုင်ဆိုင်ကြခြင်းဖြစ်သည်။

 


အမေရိကန်ဦးဆောင်သည့်    အနောက်အုပ်စုနိုင်ငံများ အနေဖြင့် အာဆီယံကဲ့သို့သော  ဒေသတွင်းနိုင်ငံငယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ချဉ်းကပ်ပြီး တစ်နိုင်ငံချင်း ဆီကို   စီးပွားရေး၊   နိုင်ငံရေးဆိုင်ရာ    နည်းလမ်းများဖြင့် ဆွဲဆောင်စည်းရုံးခြင်း၊ မိမိတို့ဘက်မပါသည့် နိုင်ငံများကို လူ့အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လူနည်းစုတန်းတူ ညီမျှရေး    စသည်တို့အပါအဝင်   လစ်ဘရယ်စံနှုန်းများကို အကြောင်းပြ၍  ဝင်ရောက်စွက်ဖက်  ဖိအားပေးခြင်းတို့ကို ပြုလုပ်လျက်ရှိရာ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာများမှာ ယင်း၏ အကျိုးဆက်များ ပင်ဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံအတွင်း လူသတ်၊ မိုင်းခွဲ၊ မီးရှို့ စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် နာမည်ပျက်လာ ပြီဖြစ်သည့် ပြည်တွင်းအကြမ်းဖက်အုပ်စုများကို စီးပွားရေး စစ်ပွဲဆင်နွှဲရန် ပြည်ပဆရာကြီးတို့က ထပ်မံအကြံပေးလိုက် ပြန်ပြီဖြစ်သည်။

 


မြန်မာနိုင်ငံ    ပြိုလဲပျက်စီးစေရန်အတွက်    မည်သည့် နည်းလမ်းကိုမဆို   ကျင့်သုံးရန်    ပြည်ပဆရာကြီးများက နည်းလမ်းပေးနေပြီး ပြည်တွင်းမှ နောက်လိုက်အကြမ်းဖက် သမားများကလည်း အဆင်ခြင်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင် နေကြသည်။ နိုင်ငံ၏ စီးပွားရေးကို ပစ်မှတ်ထား တိုက်ခိုက် ရန် အကြံပေးခြင်းက အိမ်တစ်အိမ်၊ မိသားစုတစ်စုအနေဖြင့် ဆိုလျှင် ထမင်းအိုး၊ ဟင်းအိုးနှင့် သောက်ရေအိုးတို့ကို ရိုက်ခွဲ ဖျက်ဆီးရန်  ခိုင်းစေခြင်းပင်ဖြစ်သည်။  အိမ်အပြင်မှ  လူက ခိုင်းခြင်းကို အိမ်တွင်းမိသားစုဝင်အနေဖြင့်ဆိုပါက ဦးနှောက် ပျက်နေသူမှလွဲ၍ မည်သူကမျှ လိုက်ပါလုပ်ဆောင်မည်မဟုတ်။ လုပ်လာပါကလည်း မိသားစုဝင်အားလုံးက ဟန့်တားကာကွယ် တိုက်ဖျက်ချေမှုန်းကြရမည်သာ ဖြစ်ပါကြောင်း။           ။