ဥရုဂွေးကို အနိုင်ယူပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် ပေါ်တူဂီ

 

နိုဝင်ဘာ ၂၉ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု (ဇ) ပွဲစဉ် (၂) မှ နာမည်ကြီး ပေါ်တူဂီအသင်းနှင့် ဥရုဂွေးအသင်းတို့ ပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဂိုးပြတ်အနိုင်ရရှိပြီး ၁၆ သင်း အဆင့်  သို့ တက်လှမ်းသွားနိုင်ပြီ ဖြစ်သည်။

 


ပွဲချိန်အများစုကို ပေါ်တူဂီအသင်းက ထိန်းချုပ်ထားနိုင်ပြီး ဥရုဂွေးအသင်းက ရံဖန်ရံခါမှသာ ထိုးဖောက်တိုက်စစ်ဆင်မှုပြု လုပ်နိုင်ခဲ့သည်။ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးများကို ဖာနန် ဒက်စ်က ပွဲချိန် ၅၄ မိနစ်နှင့် ပွဲချိန်ပြည့်ခါနီးတွင် သွင်းယူပေးခဲ့ သည်။ 
အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်တွင် ပေါ်တူဂီ အသင်းက တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဥရုဂွေးအသင်းက ဂါနာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 

အောင်ဇော်