ဘောလုံးနည်းပြသင်တန်းဖွင့်လှစ်

 

ရန်ကုန်  နိုဝင်ဘာ   ၂၉


အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ် သည့် AFC/ MFF B Diploma Coaching Course Part 1 သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး  ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး  ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာနှင့် သင်တန်း နည်းပြဆရာဖြစ်သူ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။

 


အခမ်းအနားတွင် ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာဖြစ်သူ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။  ယင်းသင်တန်းကို   နိုဝင်ဘာ ၂၈ ရက်မှ  ဒီဇင်ဘာ ၆ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသား ၂၁ ဦး နှင့် သင်တန်းသူ သုံးဦး တက်ရောက်လျက်ရှိသည်။

 

ကိုညီလေး၊ ဓာတ်ပုံ-MFF