
ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ကမ္ဘာ့ဖလားအုပ်စု (ဆ) မှ နောက်ဆုံးပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ကင်မရွန်းနှင့် ဆွစ်ဇာလန် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့သည်။
ကင်မရွန်းနှင့် ဘရာဇီးအသင်းတို့ပွဲစဉ် တွင် ကင်မရွန်းအသင်းက ပွဲချိန်ပြည့်ခါနီးတွင် အဘူဘက္ကာ၏ တစ်လုံး တည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည် ။ သို့သော်လည်း အဘူဘက္ကာ၏ အနိုင်ဂိုးက ကင်မရွန်းအသင်းကို နောက်တစ်ဆင့် ပို့ဆောင်နိုင်ခြင်းတော့ မရှိခဲ့ပေ။
ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ဘရာဇီးအသင်းသည် ၁၉၉၈ ခုနှစ်က နော်ဝေအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဆင့်တွင် ပထမအဆုံးအကြိမ် ရှုံးနိမ့်မှုဖြစ်သည်။
အဆိုပါအုပ်စုမှ ဆားဘီးယားနှင့် ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ဆွစ်ဇာလန်အသင်းက သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆွစ်ဇာလန်အသင်းက သုံးပွဲကစား ရမှတ်ခြောက်မှတ်နှင့်အတူ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
ဆားဘီးယားအသင်းအတွက် သွင်းဂိုးများကို မီထရိုဗစ်နှင့် ဗလာဟိုဗစ်က ပွဲချိန် ၂၆ မိနစ်နှင့် ၃၅ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဆွစ်ဇာလန် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် မိနစ် ၂၀၊ ၄၄ မိနစ်နှင့် ၄၈ မိနစ် တို့တွင် ရှာကွီရီ၊ အမ်ဘိုလိုနှင့် ဖောင်လာတို့က သွင်းယူပေးနိုင်ခဲ့သည်။
ဇော်ဇော်