တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ယူပြီး ဘရာဇီးအသင်း ကွာတားဖိုင်နယ်တက်

 

ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် တောင်ကိုရီးယားအသင်းနှင့် ဘရာဇီးအသင်းတို့ပွဲစဉ် တွင် ဘရာဇီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့်   အနိုင် ရရှိပြီး     ကမ္ဘာ့ဖလားပြိုင်ပွဲ     ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။ 

 


ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖလားဆွတ်ခူး နိုင်ခြေ မြင့်မားနေသည့် နည်းပြတီတီ၏ ဘရာဇီး အသင်းသည် ဒဏ်ရာမှ သက်သာလာသော အဓိက တိုက်စစ်ကစားသမား နေမာ ပြန်လည်ပါဝင်လာနိုင်မှု နှင့်အတူ  တိုက်စစ်ခြေစွမ်းပြသနိုင်ခဲ့ကာ  ပထမပိုင်း ပွဲချိန်အတွင်း လေးဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။ 

 


တောင်ကိုရီးယားအသင်းက    ရလဒ်ကောင်းရရှိရေး  ပြင်ဆင် လာခဲ့သော်လည်း  ဘရာဇီးအသင်း၏   ကျစ်လျစ်သည့်   ခံစစ်နှင့်  ထက်မြက်သည့်      တိုက်စစ်ကြောင့်   ပွဲချိန်   ၇   မိနစ်တွင်ပင်   ဗင်နီ စီးယပ်စ်၏  အဖွင့်ဂိုးကို  ခွင့်ပြုပေးခဲ့ရသည်။ 

 


ဘရာဇီးအသင်းတိုက်စစ်က ရာဖင်ညာ၊ ရစ်ချတ်လီဆန်၊ နေမာနှင့်   ဗင်နီစီးယပ်စ်တို့  အချိတ်အဆက်မိမိဖြင့် လျင်လျင်မြန်မြန် ထိုးဖောက်  ကစားပုံအောက် ပုံစံကောင်းပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားအသင်း သွင်းဂိုးများ  ဆက်တိုက်ခွင့်ပြုပေးခဲ့ရသည်။ ဘရာဇီးအသင်းအတွက် ဒုတိယဂိုးကို  ပွဲချိန်  ၁၃  မိနစ်တွင်  နေမာက  ပယ်နယ်တီမှတစ်ဆင့် သွင်းယူပြီး     တတိယဂိုးနှင့်   စတုတ္ထဂိုးကို   ပွဲချိန်  ၂၉  မိနစ်နှင့် ၃၆  မိနစ်တို့တွင်  ရစ်ချတ်လီဆန်နှင့်    ပါကွီတာတို့က သွင်းယူပေးခဲ့သည်။ 

 


တောင်ကိုရီးယား     အသင်းအတွက်     တစ်လုံးတည်းသော ချေပဂိုးကို  ပွဲချိန်  ၇၆  မိနစ်တွင်  ရရှိခဲ့ပြီး  ပတ်ဆောင်ဟိုက  သွင်းယူ ပေးခဲ့သည်။

 

 
ဘရာဇီးအသင်းသည်  ကမ္ဘာ့ဖလား  ကွာတားဖိုင်နယ်တွင်  ခရို အေးရှားအသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။          

ဇော်ဇော်