
ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် နာမည်ကြီး ပေါ်တူဂီအသင်းနှင့် ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်တွင် ပေါ်တူဂီအသင်းက တိုက်စစ်ခြေစွမ်းပြကာခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။
ပေါ်တူဂီအသင်းနည်းပြ ဆန်းတို့စ်သည် ပွဲထွက် ကစားသမား ၁၁ ဦးစာရင်းတွင် စီရော်နယ်ဒိုကို ချန်လှပ်ကာ ဂွန်ကာလို ရာမို့စ် ကို ထည့်သွင်းအသုံးပြု လာခဲ့သည်။
စီရော်နယ်ဒိုသည် အဓိကပြိုင်ပွဲများတွင် ပေါ်တူဂီအသင်း၏ ပွဲထွက် ၁၁ ဦးမှ ချန်လှပ်ခံခဲ့ရခြင်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။
ဆွစ်ဇာလန်အသင်းသည် ပွဲချိန် ၁၅ မိနစ်ကျော်အထိသာ ပေါ်တူဂီအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုကို ဟန့်တားနိုင်ခဲ့ပြီး နောက်ပိုင်းပွဲချိန်များတွင် သွင်းဂိုးများ ဆက်တိုက်ခွင့်ပြုပေးခဲ့ရ သည်။
ဟက်ထရစ်ရယူနိုင်ခဲ့
စီရော်နယ်ဒို၏နေရာကို အစားထိုးဝင်ရောက်ကစားခွင့် ရရှိခဲ့သည့် ရာမို့စ်သည် ပွဲချိန် ၁၇ မိနစ်၊ ၅၁ မိနစ်နှင့် ၆၇ မိနစ်တို့ တွင် ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ရာမို့စ်၏ ဟက်ထရစ်သည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။
သွင်းယူပေးခဲ့
ပေါ်တူဂီအသင်းအတွက် စတုတ္ထဂိုး၊ ပဉ္စမဂိုးနှင့် ဆဋ္ဌမဂိုးများကို ပွဲချိန် ၃၃ မိနစ်၊ ၅၅ မိနစ်နှင့် မိနစ် ၉၀ တွင် ပီပီ၊ ဂွာရာရီယိုနှင့် လီယို တို့က သွင်းယူပေးခဲ့သည်။ ဆွစ်ဇာလန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် အကန်ဂျီက သွင်းယူပေးခဲ့သည်။
ယှဉ်ပြိုင်ကစား
ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် ပေါ်တူဂီအသင်းသည် ကမ္ဘာ့ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် မော်ရိုကိုအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ဇော်ဇော်