၂၀၂၂ AFF Cup ပြိုင်ပွဲအတွက် မြန်မာအသင်း ပဏာမကစားသမား ၂၆ ဦး ရွေးချယ်

 

ရန်ကုန်  ဒီဇင်ဘာ  ၁၃


မြန်မာ့လက်ရွေးစင်         အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၂ AFF Cup  ပြိုင်ပွဲအတွက် ပဏာမကစားသမား  ၂၆   ဦး ရွေးချယ်လိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ် သည်။

 


ဒီဇင်ဘာ     ၁၃     ရက်က ထုတ်ပြန်လိုက်သည့်      မြန်မာ့ လက်ရွေးစင်အသင်း  ပဏာမလူ စာရင်းတွင်   ပြည်တွင်းကလပ် များ၌ ကစားနေသူ ၂၀ နှင့် ပြည်ပ ကလပ်များတွင်            ကစားနေသူ ခြောက်ဦး        ပါဝင်လာသည်။  မြန်မာ့လက်ရွေးစင်       အသင်း နည်းပြချုပ်     အန်တွမ်နီဟေးသည် ထိုင်းခရီးစဉ်အပြီး     တစ်ရက် အကြာမှာပင်  ပဏာမကစားသမား အချို့ လျှော့ချကာ  ကစားသမား ၂၆ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

 


မြန်မာ့လက်ရွေးစင်      အသင်း သည်     နိုဝင်ဘာ  ၂၈  ရက်မှ   ဒီဇင်ဘာ ၁၁   ရက်အထိ      ထိုင်း နိုင်ငံ၌  သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများ     ကစားခဲ့ပြီးဖြစ် သောကြောင့်          အသင်း၏ လိုအပ်ချက်၊          အားနည်းချက် များကို          ပြန်လည်ပြင်ဆင်ရ မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းခြေစမ်းခရီးစဉ် တွင်   ခြေစမ်းပွဲသုံးပွဲကစားခဲ့ပြီး နှစ်ပွဲနိုင်၊   တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းကလပ်များဖြစ်သည့် ချောင် ဘူရီအသင်းနှင့် ဆာမတ်ပရာကန် အသင်းတို့ကို  အနိုင်ရသော်လည်း နောက်ဆုံးခြေစမ်းပွဲတွင်  ထိုင်း လက်ရွေးစင်အသင်းကို  ဂိုးပြတ် အရေးနိမ့်ခဲ့သည်။ ၂၀၂၂ AFF Cup ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည်   အုပ်စု  (ခ)  တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုအသင်းတို့နှင့်  ကျရောက် နေသည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင်  မလေးရှားအသင်းနှင့် အိမ်ကွင်း  ကစားရမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်း ပဏာမကစားသမား ၂၆ ဦးစာရင်း တွင် ဂိုးသမား -  ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊   ဆန်းဆက်နိုင်၊ ထွန်းနန္ဒဦး၊  နောက်တန်း-ဒေးဗစ် ထန်၊  နန္ဒကျော်၊  ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊    သီဟထက်အောင်၊ ဟိန်းဇေယျာလင်း၊  ဇော်ရဲထွန်း၊ ကျော်ဇင်လွင်၊   ဝင်းမိုးကျော်၊ အလယ်တန်း-ရန်နိုင်ဦး၊  အောင် နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ဝေလင်း အောင်၊ ကျော်မင်းဦး၊ လင်းထက် စိုး၊  လွင်မိုးအောင်၊  ရဲရင့်အောင်၊ ဟိန်းထက်အောင်၊ မောင်မောင် လွင်၊   ရှေ့တန်း -  ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်နှင့်     နိုင်ဇင် ထက်တို့ ပါဝင်သည်။  ပြိုင်ပွဲတွင် ကစားသမား ၂၃ ဦးသာ ရွေးချယ်ရ မည်ဖြစ်သောကြောင့်   မြန်မာ အသင်းအနေဖြင့်  ကစားသမား သုံးဦး   ထပ်မံလျှော့ချရမည်ဖြစ် သည်။             

ရဲရင့်လွင်