(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲနှင့် ထိုင်းရိုးရာ လှေလှော်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိသည့် မြန်မာလှေလှော်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်

 

ရန်ကုန်   ဒီဇင်ဘာ  ၂၃


မြန်မာလှေလှော်အားကစားအဖွဲ့သည်  ထိုင်းနိုင်ငံ   ပတ္တရားမြို့၌ ၂၀၂၂ ခုနှစ်  နိုဝင်ဘာ ၁၆ ရက်မှ  ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၁၄) ကြိမ် မြောက်  အာရှနဂါးလှေလှော်ပြိုင်ပွဲ    (14th ASIAN Dragon Boat Championship ) ပြိုင်ပွဲတွင်  ငွေ ကိုးခု၊ ကြေး သုံးခု၊  ဘန်ကောက်မြို့ ကျောက်ဖရားမြစ်၌   နိုဝင်ဘာ  ၂၂ ရက်မှ ၂၆ ရက်အထိ   ကျင်းပခဲ့သော ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand  Traditional Boat and International Swan Boat Race 2022 )  တွင်  ငွေ နှစ်ခု၊ ကြေး နှစ်ခု စုစုပေါင်း ငွေ ၁၁ ခု၊ ကြေး ငါးခုဖြင့်  နိုင်ငံအလိုက်  အဆင့် (၄) ရရှိခဲ့သည့် မြန်မာလှေလှော်အားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့  လှိုင်မြို့နယ် ကန်လမ်းရှိ Thai Port ၌ ကျင်းပသည်။

 


ဦးစွာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ဂုဏ်ပြုအမှာစကားပြောကြာပြီး မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်နာယက ဦးကျော်စိန်ကိုယ်စား    ဦးသိန်းထွန်းက    ချီးမြှင့်ငွေကျပ်သိန်း   ၃၃၀ (ဝဲပုံ)၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ Mr.Lai ၊    မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ   ဦးကျော်ကျော်လှိုင်၊   မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ  ဦးမျိုးဆွေတို့က ငွေကျပ်သိန်း ၅၀ စီ နှင့် အတွင်းရေးမှူး ဦးသက်လွင်တို့က ထိုင်းရိုးရာလှေပြိုင်ပွဲတွင် ချီးမြှင့် ငွေရရှိခဲ့သော ထိုင်းဘတ်ငွေ ၁၆၀၀၀၀ တို့ကို  ဆုရအားကစားသမား များကို ပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။                

အာကာစိုး