
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အီးအက်ဖ် အယ်လ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် မန်စီးတီးက လက်ရှိချန်ပီယံ လီဗာပူးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။
ပွဲချိန်အများစုကို မန်စီးတီးအသင်းက ထိန်းချုပ်ကစားနိုင်ခဲ့သော် လည်း လီဗာပူးအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုနှင့် တုံ့ပြန် ကစားပုံ ထိရောက်မှုရှိသည့်အတွက် အပြန်အလှန်သွင်းဂိုးများနှင့် အတူ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ မန်စီးတီး အသင်းအတွက် သွင်းဂိုးများကို ဟာလန်း၊ မာရက်ဇ်နှင့် အကီ တို့က ပွဲချိန် ၁၀ မိနစ်၊ ၄၇ မိနစ်နှင့် ၅၈ မိနစ်တို့တွင် သွင်းယူပေးနိုင်ခဲ့ သည်။
လီဗာပူးအသင်းအတွက် သွင်းဂိုးများကို ကာဗယ်ဟိုနှင့် ဆာလာ တို့က သွင်းယူပေးခဲ့သည်။
အောင်ဇော်