ရာနီရေရီကို ကက်ဂလီယာရီအသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်

 

ကလောက်ဒီယို ရာနီရေရီသည် ဆယ်စုနှစ်  သုံးခုကြာပြီးနောက်တွင် ကက်ဂလီယာရီ   နည်းပြအဖြစ်  ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။   
အီတလီကလပ် ကက်ဂလီယာရီ ကို ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်ကြား တာဝန်ယူကိုင်တွယ်ခဲ့ပြီး   စီးရီးစီမှ   စီးရီးအေသို့   ရောက်ရှိအောင် ကူညီပေးထားနိုင်သည့်အတွက် လူသိများလာခဲ့သည်။ ထို့နောက်တွင် ၎င်းသည် နာပိုလီ၊ အက်သလက်တီကို  မက်ဒရစ်၊  ချယ်ဆီး၊  ဂျူဗင် တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကို၊  လက်စတာ၊ ဝက်ဖို့ဒ်စသည့်အသင်း များကို တာဝန်ယူကိုင်တွယ်ခဲ့သည်။ 
ဇန်နဝါရီတွင် ဝက်ဖို့ဒ်အသင်းက ထုတ်ပယ်ခြင်းခံခဲ့ရသော ရာနီ ရေရီသည် ကက်ဂလီယာရီအသင်းနှင့် ၂၀၂၅ ခုနှစ်အထိရှိမည်ဖြစ်သည့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အသက် ၇၁ နှစ် အရွယ် ရှိ ရာနီရေရီကို ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပယ်ခြင်းခံခဲ့ရ သော ဖေဘီယို၏ နေရာတွင် အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။ 

အောင်ဇော်