ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို အာဆင်နယ် ဆက်လက်ဦးဆောင်

 

အာဆင်နယ်နှင့်      ဝက်စ်ဟမ်း အသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်  (၁၇) ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၂  နာရီခွဲက  အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ် က သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး  အမှတ်ပေးဇယားကို    ခုနစ်မှတ် အသာဖြင့် ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ 
အဆိုပါ  ပွဲစဉ်၌  ဝက်စ်ဟမ်း အသင်းက  ပွဲချိန်  ၂၇  မိနစ်တွင်  ပယ်နယ်တီမှတစ်ဆင့် ဘင်ရာမာ ဦးဆောင်ဂိုး    သွင်းယူနိုင်ခဲ့သော် လည်း    ထိုရလဒ်ကို   မိနစ်    ၅၀ ကျော်အထိ ထိန်းထားနိုင်ခဲ့သည်။ 

 


ထူးခြားချက်အနေဖြင့် ၂၀၁၈ ခုနှစ် က    ရာထူးမှ     ဖယ်ရှားခံရပြီး အာဆင်နယ်အသင်း   အတွက် နောက်ဆုံးလိဂ်ဖလားဆွတ်ခူးပေး နိုင်ခဲ့သော နည်းပြ အာစင်ဝင်းဂါး       ပထမဆုံးအကြိမ်     လာရောက် ကြည့်ရှုခဲ့သည်။ 

 


အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၃ မိနစ်၊ ၅၈  မိနစ်နှင့်    ၆၉ မိနစ်တို့တွင် ဆာကာ၊ မာတင်နယ်လီနှင့် အင်ခီ တီယာတို့က    သွင်းယူပေးနိုင်ခဲ့ သည်။    ယခုပွဲစဉ်    အနိုင်ရရှိမှု ကြောင့် အာဆင်နယ်အသင်းက ၁၅ ပွဲ ကစားပြီး ရမှတ် ၄၀ အထိ ရရှိကာ    ပြိုင်ဘက်   ဝက်စ်ဟမ်း အသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ၁၆ ပွဲ ကစားပြီး ရမှတ် ၁၄ မှတ် သာ  ရရှိသည့်အတွက်  တန်းဆင်း ဇုန်အသင်းနှင့်      တစ်မှတ်သာ ကွာဟတော့သည်။ 

 


လာမည့်ပွဲစဉ်တွင် အာဆင် နယ်အသင်းက      ဘရိုက်တန် အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်း က ဘရန့်ဖို့ဒ် အသင်းနှင့် ကစားရမည်   ဖြစ် သည်။ 

 


အခြားသော ပွဲစဉ်တွင် အက်စ် တွန်ဗီလာနှင့် လီဗာပူးအသင်းတို့ ပွဲတွင်  လီဗာပူးအသင်းက ခြေစွမ်း ပြကာ  သုံးဂိုး-တစ်ဂိုးဖြင့်  အနိုင် ရရှိခဲ့သည်။              

အောင်ဇော်