တင်းမာသည့် ညွန့်ပေါင်းအစိုးရနှင့်အတူ ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟု ဝန်ကြီးချုပ်အဖြစ်ပြန်လာ

 

ဂျေရုဆလင်  ဒီဇင်ဘာ  ၃၀
အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန် ယာဟုသည်       နိုဝင်ဘာလ   အမျိုးသား ရွေးကောက်ပွဲတွင်      အနိုင်ရရှိပြီးသည့်နောက် သဘောထားတင်းမာသည့် ညွန့်ပေါင်းအစိုးရ နှင့်အတူ  အာဏာပြန်လည်ရရှိပြီ ဖြစ်သည်။ နေတန်ယာဟုနှင့်  ၎င်း၏   အစိုးရအဖွဲ့မှာ ဒီဇင်ဘာ၂၉ ရက်တွင်   ကျမ်းသစ္စာကျိန်ဆိုခဲ့ သည်။ ၎င်း၏ လီကွတ်ပါတီသည် လက်ယာ စွန်းများနှင့်        ဘာသာရေးပါတီများနှင့်            သဘောတူညီမှုရရှိပြီးနောက်     ညွန့်ပေါင်း အစိုးရဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 
ဝန်ကြီးချုပ်ရုံးမှ ထွက်ခွာခဲ့ပြီး  တစ်နှစ် ခွဲခန့်အကြာ  ဝန်ကြီးချုပ်အဖြစ်   ပြန်လာခဲ့ ခြင်းဖြစ်သည်။   သုံးနှစ်ခွဲအတွင်း  အစ္စရေး နိုင်ငံ၌       ငါးကြိမ်မြောက်    ကျင်းပသည့်  ရွေးကောက်ပွဲတွင် နေတန်ယာဟု၏   ပါတီ က    ပါလီမန်တွင်   အဓိကနေရာများကို   ရယူ နိုင်ခဲ့သည်။ နေတန်ယာဟု  လက်ထက်တွင်   အစ္စရေး-ပါလက်စတိုင်း  ပဋိပက္ခမှာ  ပိုမိုအရှိန် ကောင်းလာသည့်အတွက်   အာရပ်နိုင်ငံများ က  စိုးရိမ်လျက်ရှိသည်။  သိမ်းပိုက်ထားသည့်          အနောက်ဘက်ကမ်းဒေသတွင် ဂျူးအခြေချ နေထိုင်မှုများ     နောက်ထပ်ပြုလုပ်လာနိုင်သည် ဟုလည်း    ၎င်းတို့က ပြောသည်။                
   ဆင်ဟွာ