
ခရစ္စတီယာနို ရော်နယ်ဒိုသည် ဆော်ဒီအာရေဗျ ကလပ် အယ်နာဆာအသင်းသို့ ၂၀၂၅ ခုနှစ်အထိ ရှိမည်ဖြစ်သည့် စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ သွားပြီဖြစ်ကြောင်း သိရသည်။
အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်း ဆောင် စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီက အင်တာဗျူးတစ်ခုတွင် မန်ယူအသင်းနှင့် နည်းပြကို ဝေဖန်တိုက်ခိုက်သည်ဟူသော အငြင်းပွားဖွယ်ရာအကြောင်းပြချက်ဖြင့် မန်ယူအသင်းနှင့် နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းထားသော ကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အယ်နာဆာ အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စီရော်နယ်ဒိုသည် ဘောလုံးသမိုင်း တစ်လျှောက်တွင် တစ်နှစ်လျှင် ပေါင် ၁၇၇ သန်းဖြင့် လုပ်ခလစာ အမြင့်မားဆုံးရရှိသည့် ကစားသမား တစ်ဦးလည်း ဖြစ်လာမည် ဖြစ်သည်။ အယ်နာဆာ အသင်းသည် ဆော်ဒီပရိုလိဂ်ချန်ပီယံအဖြစ် ကိုးကြိမ်တိုင်တိုင် ဖလားဆွတ်ခူး အောင်ပွဲခံနိုင် သည့်အသင်းဖြစ်ပြီး စီရော်နယ်ဒိုကို ခေါ်ယူပြီး သမိုင်းဝင် စာချုပ်ချုပ်ဆိုမှုကို လုပ်ဆောင်နိုင်ခဲ့ သည်။
စီရော်နယ်ဒိုသည် အိုးထရက်ဖို့ဒ်၌ ပျော်ရွှင်နေ သောကြောင့် ပြီးခဲ့သည့်နွေရာသီတွင် အခြားသော ဆော်ဒီ ကလပ်ဖြစ်သည့် အယ်ဟီလ်ရယ်အသင်း၏ ပေါင် ၃၀၅ သန်းကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးကြောင်း သိရသည်။
လင်းလက်ကြယ် - စုစည်းသည်