
ပရီမီယာလိဂ်ပွဲစဉ် (၁၈) မှ အစောဆုံးပွဲစဉ်ဖြစ်သည့် ဝုဖ်နှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီက ဝုဖ်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မန်ယူအသင်းသည် ယခင်ပွဲစဉ်တွေထက် ခြေစွမ်းမျိုးပြသထားနိုင်ခြင်းမရှိဘဲ အသင်းဖော် အချင်းချင်းကြား ချိတ်ဆက်ကစားပုံ မကြာခဏ ဟန်ချက်ပျက်နေခဲ့ပြီး အသင်းတိုက်စစ်ကလည်း ရရှိလာသည့် အခွင့်အရေးကို မိနစ် ၇၀ ကျော်သည် အထိ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။ ဝုဖ် အသင်း၏ တုံ့ပြန်ကစားပုံ ထက်မြက်မှုရှိခဲ့ပြီး မန်ယူ အသင်းခံစစ်နှင့် ဂိုးသမားဒီဂီယာတို့ အခက်တွေ့ စေခဲ့သည်။
ဒုတိယပိုင်းတွင် တိုက်စစ်ကစားသမား ရက်ဖို့ဒ် ဝင်လာပြီးနောက် မန်ယူအသင်း၏ တိုက်စစ်ပိုင်း သွင်းဂိုးများ ရရှိသည်အထိ ထက်မြက်ခဲ့သည်။ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို ပွဲချိန် ၇၆ မိနစ်တွင်ရရှိခဲ့ပြီး လူစားဝင်ကစား သမား ရက်ဖို့ဒ်က ဖာနန်ဒက်စ်၏ ဖန်တီးမှုကို လှလှ ပပပိတ်သွင်း အဆုံးသတ်ခဲ့သည်။ (ယာပုံ) ထို့အပြင် ပွဲချိန် ၈၄ မိနစ်တွင် ရက်ဖို့ဒ် ဒုတိယဂိုး သွင်းယူ နိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သော ကြောင့် နစ်နာခဲ့ရသည်။
ထို့နောက်တွင် နှစ်သင်းစလုံး လူစားလဲမှု ပြုလုပ်ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် မန်ယူအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းသည် ယခုနိုင်ပွဲကြောင့် ၁၆ ပွဲကစားပြီး ၃၂ မှတ်အထိ ရရှိလာပြီဖြစ်သည်။ ပြိုင်ဘက် ဝုဖ်အသင်းက ၁၇ ပွဲ ကစားပြီး ရမှတ် ၁၃ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည်။
ဘုန်းမောက်နှင့် ပဲလေ့စ်ပွဲတွင် ပဲလေ့စ်က နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရပြီး ဖူလ်ဟမ်က ဆောက်သမ်တန် ကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရသည်။ မန်စီးတီးနှင့် အဲဗာတန် တစ်ဂိုးစီသရေ၊ နယူးကာဆယ်နှင့် လိဒ်စ် ဂိုးမရှိ သရေဖြစ်ခဲ့သည်။
အောင်ဇော်