(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

 

အုတ်တွင်း   ဒီဇင်ဘာ    ၃၁
(၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အုတ်တွင်းမြို့နယ်   ဌာန ဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲ၌    အုတ်တွင်းမြို့နယ်ဌာန ဆိုင်ရာ ပေါင်းစုံအသင်းနှင့် မြို့နယ်အားကစား နှင့်    ကာယပညာကော်မတီ    လက်ရွေးစင် အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြို့နယ် အားကစားနှင့်       ကာယပညာကော်မတီ လက်ရွေးစင်အသင်းက  လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၄  ရက်   (၇၅)နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့တွင် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားကော်မတီတို့ ပူးပေါင်း ၍   အားကစားပြိုင်ပွဲများနှင့်    ဆုပေးပွဲများ ဆက်လက်     ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။        

အေမင်းရည်စော(ပြန်/ဆက်)