
အသက် ၂၀ အရွယ် အမ်မာရာဒူကာနူသည် ဩစတြေးလျအိုးပင်းပြိုင်ပွဲမစတင်မီ ၁၁ ရက်အလို ASB Classic ပြိုင်ပွဲ ဒုတိယအဆင့်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ကစားနိုင်ခြင်းမရှိသောကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ ၎င်းသည် အဆိုပါ ပြိုင်ပွဲ၌ ပြိုင်ဘက် စလိုဗက်ကီးယား တင်းနစ်မယ် ကုဇ်မိုဗာကို ပထမပွဲငယ်တွင် ၆-၀ ဖြင့် အနိုင်ရရှိပြီး ဒုတိယပွဲငယ်တွင် ၇-၅ ဖြင့် ရှုံးနိမ့်ခဲ့သည်။
တတိယပွဲငယ်ယှဉ်ပြိုင်မကစားမီတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်ကစားနိုင်ခြင်း မရှိတော့သည့်အတွက် ထွက်ခွာခဲ့ရခြင်းဖြစ် သည်။ ရာဒူကာနူသည် ၂၀၂၁ ခုနှစ်က ယူအက်စ်အိုးပင်းဖလား ဆွတ်ခူးရရှိပြီး နောက် ဒဏ်ရာအနာတရများဖြင့် မကြာခဏရုန်းကန်ရလေ့ရှိသူဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း ငါးပွဲသာ ကစားခဲ့ရကာ ဒဏ်ရာကြောင့် အနားယူခဲ့ရသည်။ ၎င်းသည် ASB Classic ပြိုင်ပွဲ ပထမအဆင့်တွင် ချက်တင်းနစ်မယ် ဖရူဗီတိုဗာနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ၄-၆၊ ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိထားသည်။
မိုးဇက် - စုစည်းသည်