AFF Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ ထိုင်းနှင့် ဗီယက်နမ် တွေ့ဆုံ

 

ရန်ကုန်  ဇန်နဝါရီ   ၁၀
၂၀၂၂ AFF Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ဒုတိယနေ့)ကို ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံ၌ ကျင်းပရာ        ထိုင်းအသင်းက မလေးရှားအသင်းကို   သုံးဂိုးပြတ် အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် သွားသည်။   ထိုင်းအသင်းသည် ပထမအကျော့တွင် တစ်ဂိုး-ဂိုးမရှိ ဖြင့် အရေးနိမ့်ထားသော်လည်း နှစ်ကျော့ပေါင်းရလဒ်     သုံးဂိုး-တစ်ဂိုးဖြင့်       အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ပထမအကျော့ အဝေးကွင်းပွဲ တွင် အရေးနိမ့်ထားသည့် လက်ရှိ ချန်ပီယံ      ထိုင်းအသင်းသည် ဒုတိယအကျော့ အိမ်ကွင်းပွဲတွင် ဂိုးပြတ်အနိုင်ယူကာ      ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

 


မလေးရှားအသင်းမှာမူ    အိမ်ကွင်းအနိုင်ရလဒ်ကို   အဝေးကွင်းတွင် ထိန်းထားနိုင်ခြင်းမရှိဘဲ ရှုံးပွဲပြန်လည်ကြုံတွေ့ခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားများအသုံးပြုခဲ့ပြီး ပွဲမှာအပြန် အလှန်ရှိခဲ့သော်လည်း ထိုင်းအသင်းက အခွင့်အရေးများအသုံးချနိုင်သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် အိမ်ကွင်း၌ နှစ်ဂိုးနှင့် အထက်အနိုင်ရရန် လိုအပ်နေသဖြင့် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၁၉ မိနစ်တွင် ဝါရင့်တိုက်စစ်မှူး ဒန်ဒါက အဖွင့်ဂိုးစတင် သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိလာသော် လည်း ပထမပိုင်းအပြီးတွင် ထိုင်းအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင် နေသည်။   ထိုင်းအသင်းသည်   ဗိုလ်လုပွဲတက်ရောက်ရန်အတွက် နောက်ထပ်သွင်းဂိုးများ    လိုအပ်နေသဖြင့်   ဒုတိယပိုင်းတွင်လည်း တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၅၅ မိနစ်တွင် ဖာလာက ဒုတိယဂိုး၊ ၇၁ မိနစ်တွင် အဒီဆတ်ခ်က တတိယဂိုး သွင်းယူခဲ့သည်။
ဗိုလ်လုပွဲတွင် ဗီယက်နမ်နှင့် လက်ရှိချန်ပီယံ ထိုင်းအသင်း တွေ့ဆုံ နေပြီး ဇန်နဝါရီ ၁၃ နှင့် ၁၆ ရက်တွင် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားမည်ဖြစ်သည်။


ရဲရင့်လွင်