
ရန်ကုန် ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘတ်စကက် ဘော အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူး ပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ကိုးပွဲကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲ၌ အမျိုးသားအလွတ်တန်းပွဲစဉ်တွင် Ace နှင့် Elements အသင်း၊ TGO နှင့် Sam Par Oo အသင်း၊ M-O-H-A နှင့် Wepozt အသင်း၊ Blank နှင့် မအူပင်အသင်း၊ Lashio Sport နှင့် YPTT Myanmar အသင်း၊ Kings နှင့် ဖျာပုံသားအသင်း၊ အမျိုးသား Over 50 ပြိုင်ပွဲတွင် Friendshipနှင့် MCCOC အသင်း၊ Partner နှင့် တောင်ကြီးအသင်း၊ အမျိုးသမီးအလွတ်တန်းတွင် ဖျာပုံသားနှင့် A-Studio အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲတွင် (5x5) အလွတ်တန်း အမျိုးသား၊ အမျိုးသမီး၊ Over-50 အမျိုးသား၊ အမျိုးသမီး၊ (3x3)အမျိုးသား၊ အမျိုးသမီးU-20၊ အလွတ်တန်းပြိုင်ပွဲများ ပါဝင်ပြီး ဇန်နဝါရီ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အာကာစိုး