
ပရီမီယာလိဂ်ပွဲစဉ် (၂၀) မှ အကောင်းဆုံး ပွဲစဉ်ဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၁၄ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစား ခဲ့ရာ မန်ယူအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲသို့ ပွဲကြည့်ပရိသတ် ၇၅၀၀၀ကျော် လာရောက်ကြည့်ရှု ခဲ့သည်။
မန်ချက်စတာဒါဘီပွဲဖြစ်သည့် နှင့်အညီ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ သည်။ ယခုပွဲအနိုင် ရရှိခြင်းကြောင့် နည်းပြတန်ဟက် လက်အောက်၌ မန်ယူအသင်းသည် ကိုးပွဲဆက် နိုင်ပွဲရရှိလာပြီ ဖြစ်သည်။
ဦးဆောင်ဂိုးကို မန်စီးတီး အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၆၀ တွင် ဂရီးလစ်ချ်က သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူ အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် ရရှိခဲ့ပြီး ဖာနန်ဒက်စ် က သွင်းယူပေးခဲ့သည်။ ချေပဂိုး ရရှိပြီးနောက် မန်ယူအသင်း သွင်း ဂိုးများထပ်မံရရှိရေးကြိုးစားလာခဲ့ရာ ပွဲချိန် ၈၂ မိနစ်တွင် ဒုတိယဂိုး ရရှိခဲ့ပြီး ရက်ဖို့ဒ်က သွင်းယူပေး နိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် ဂိုးသွင်း ယူနိုင်ခဲ့သော ရက်ဖို့ဒ်သည် ၂၀၀၈ ခုနှစ် ဧပြီလက စီရော်နယ်ဒို နောက်ပိုင်း ပြိုင်ပွဲစုံ ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး မန်ယူကစားသမား ဖြစ်လာသည်။ မန်ယူအသင်းသည် ယခုအနိုင်ပွဲ ကြောင့် လိဂ် ၁၈ ပွဲကစား ၃၈မှတ် ရရှိကာ မန်စီးတီးအသင်းက ၁၈ ပွဲကစား ၃၉ မှတ် ရရှိထားသည်။
အခြားပွဲစဉ်များတွင် ဘရိုက် တန်က လီဗာပူးကို သုံးဂိုး-ဂိုးမရှိ၊ နော်တင်ဟမ်က လက်စတာကို နှစ်ဂိုး-ဂိုးမရှိ၊ ဝုဖ်က ဝက်စ်ဟမ်းကို တစ်ဂိုး-ဂိုးမရှိနှင့် ဆောက်သမ် တန်က အဲဗာတန်ကို နှစ်ဂိုး-တစ် ဂိုးဖြင့် အနိုင်ရသည်။
အောင်ဇော်