
အီတလီစီးရီးအေ (၁၈) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဦးဆောင်သူ နာပိုလီနှင့် နာမည်ကြီး ဂျူ ဗင်တပ်စ်အသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၁၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ နာပိုလီအသင်းက ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
ပြိုင်ဘက်ဂျူဗင်တပ်စ်အသင်းသည် နိုဝင်ဘာ ၇ ရက်နောက်ပိုင်း သွင်းဂိုးခွင့်ပြုပေးထားရခြင်း မရှိဘဲ နိုင်ပွဲဆက်မှတ်တမ်းကောင်းရရှိထားသည့် အသင်းဖြစ်သည်။ သို့သော်လည်း နာပိုလီအသင်း နှင့်တွေ့ဆုံချိန်တွင် အဆိုပါ မှတ်တမ်းကောင်း ပျက်ပြယ်ခဲ့ပြီး သွင်းဂိုး ငါးဂိုးအထိ ခွင့်ပြုပေးခဲ့ ရသည်။
နာပိုလီအသင်းအတွက် သွင်းဂိုးများကို အိုစင် မန်က ပွဲချိန် ၁၄ မိနစ်နှင့် ၆၅ မိနစ်တွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ခဗာရက်တ်ခီလီယာ၊ ရာမန်နီ နှင့် အဲလ်မတ်စ်တို့က ပွဲချိန် ၃၉ မိနစ်၊ ၅၅ မိနစ်နှင့် ၇၂ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။ ဂျူဗင်တပ်စ် အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် ဒီမာရီယာက သွင်းယူပေး ခဲ့သည်။
နာပိုလီအသင်းသည် ယခုနိုင်ပွဲကြောင့် ၁၈ ပွဲကစားပြီး ရမှတ် ၄၇ မှတ်ဖြင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စီးရီးအေ အမှတ်ပေးဖလားကို တစ်ကျော့ပြန်ဆွတ်ခူးရန် အားကောင်းလာပြီ ဖြစ်သည်။
လင်းလက်ကြယ် - စုစည်းသည်