ASB Classic ဖလား ရစ်ချတ်ဂတ်စ်ကွက် ဆွတ်ခူး

 

အော့ကလန်၌ ကျင်းပသည့် ASB Classic ပြိုင်ပွဲ တွင် ဗိုလ်လုပွဲကို ဗြိတိန်နံပါတ်တစ် တင်းနစ်ကစား သမား ကာမီရွန်နော်ရီနှင့်  ပြင်သစ်မှ  ရစ်ချတ် ဂတ်စ်ကွက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂတ်စ်ကွက်က အနိုင်ရရှိပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည်။ 
၎င်းသည် ပထမပွဲငယ်တွင် ၄-၆ ဖြင့် ပြိုင် ဘက်ကို ရှုံးနိမ့်ခဲ့ရာမှ ဒုတိယပွဲငယ်နှင့် တတိယ ပွဲငယ်တွင် ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

 
ကမ္ဘာ့အဆင့် (၁၂) ရှိသော နော်ရီသည် ၂၀၁၉ ခုနှစ်ကလည်း ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို ရှုံးနိမ့် ခဲ့ဖူးကြောင်း သိရသည်။ ယခုနှစ်တွင် ၎င်းသည် ဆီမီးဖိုင်နယ်၌ အမေရိကန်နိုင်ငံသား ဘရွတ်စ် ဘီကို အနိုင်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတွင် ရှုံး နိမ့်ကာ ဆုဖလားနှင့် ဝေးကွာခဲ့ရခြင်း ဖြစ်သည်။