ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်း ကစားသမားသစ်များ ဆက်လက်ခေါ်ယူ

 

ရန်ကုန်   ဇန်နဝါရီ   ၁၇


မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ်အသင်းများဖြစ်သည့် ရန်ကုန် ယူနိုက်တက်အသင်းနှင့်   ရှမ်းယူနိုက်တက်အသင်းသည်    ရာသီကြို ပြင်ဆင်မှုများ  ပြုလုပ်လျက်ရှိပြီး  ကစားသမားသစ်များ ဆက်လက် ခေါ်ယူလျက်ရှိသည်။

 


ရန်ကုန်ယူနိုက်တက်အသင်းသည်    ရာသီကြို   ပြင်ဆင်မှုအဖြစ်  ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ဆက်တိုက်ခေါ်ယူလျက်ရှိပြီး  ဧရာဝတီအသင်းမှ တိုက်စစ်မှူး ရန်ကျော်ထွေး၊ ဂီနီနိုင်ငံသား တိုက်စစ် မှူး ဆယ်လာတို့ကို ခေါ်ယူပြီးနောက် ရတနာပုံအသင်း ကွင်းလယ် ကစားသမား   လှိုင်းဘိုဘို၊   မြန်မာ  ယူ-၂၀  လက်ရွေးစင်  ဥက္ကာနိုင်၊ထိုင်းလိဂ်-၃ ကလပ် ကမ်ဖန်ဖက် အသင်းတွင် သွားရောက်ကစား ခဲ့သည့်     ကစားသမားဟောင်း ဖြစ်သူ      တောင်ပံကစားသမား ကောင်းထက်စိုး၊ ဂါနာနိုင်ငံသား  နောက်ခံလူ     မာလီဟာဘီလာ တို့ကို     ထပ်မံခေါ်ယူခဲ့ခြင်းဖြစ် သည်။  ထို့ပြင်  ရှမ်းယူနိုက်တက် အသင်းသည်    ကစားသမားသစ် များ    ခေါ်ယူလျက်ရှိပြီး    ဝါရင့် တိုက်စစ်မှူး      ကျော်ကိုကို    ကို ခေါ်ယူပြီးနောက်   အား/ကာသိပ္ပံ အသင်းမှ တိုက်စစ်မှူး ခင်ကျော် ဝင်းနှင့်        မြန်မာ့လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်းထက်စိုး၊ ရတနာပုံအသင်းမှ နောက်တန်းအစွန်လူ အောင်ဝဏ္ဏ စိုးတို့ကို ခေါ်ယူထားသည်။

 


ရှမ်းယူနိုက်တက်နှင့်   ရန်ကုန် အသင်းသည်   လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup   ပြိုင်ပွဲလည်း   ယှဉ်ပြိုင်ရ မည်ဖြစ်သောကြောင့်   အခြား အသင်းများထက် လက်ဦးမှုရယူ ကာ   ပြင်ဆင်မှုများ   ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-YUFC