ထိုင်းနိုင်ငံ၌ ကျင်းပသည့် သက်ကြီးတန်းချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ မြန်မာ ရွှေတစ်ခု၊ ငွေနှစ်ခု ရရှိ

 

ရန်ကုန်  ဇန်နဝါရီ  ၁၈  


ထိုင်းနိုင်ငံ    ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက် အထိ       ကျင်းပခဲ့သည့်  (Thailand Master Cham-pionship and All Thailand Table  Tennis  Cham-pionship) ပြိုင်ပွဲတွင် မြန်မာ အားကစားသမားများ     ရွှေ တံဆိပ်တစ်ခု၊    ငွေတံဆိပ်  နှစ်ခုရရှိခဲ့သည်။     အဆိုပါ ပြိုင်ပွဲသို့  မြန်မာနိုင်ငံ  စားပွဲ တင်    တင်းနစ်အဖွဲ့ချုပ်မှ အားကစားသမားသက်ကြီး တန်းတွင် ငါးဦး၊ သက်ငယ် တန်းတွင် တစ်ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။     ယင်း ပြိုင်ပွဲ၌        သက်ကြီးတန်း ချန်ပီယံရှစ်နှင့်     တစ်ဦးချင်း အလွတ်တန်းတွင် မြန်မာမှ ကိုကြည်မြင့်က Over40 တွင် ငွေနှစ်ခု၊ Over 50 တွင် ရွှေ တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

 


‘‘ဒီပြိုင်ပွဲကို   ယှဉ်ပြိုင်ဖို့    စာရင်းပေးပြီး ကတည်းက   ပုံမှန်လေ့ကျင့်ခဲ့တယ်။ ထိုင်း၊    တရုတ်၊    ဂျာမနီ၊ ပြင်သစ်    စတဲ့      နိုင်ငံတွေကလည်း   လာရောက်ယှဉ်ပြိုင်     ကြ တယ်။    အဓိက    ကစား သမားတွေကတော့   ထိုင်း နိုင်ငံက ကစားသမားတွေပါ။ Over  50  ဗိုလ်လုပွဲမှာ ထိုင်း ကစားသမားကို သုံးပွဲ၊ ပွဲမရှိ  နဲ့ အနိုင်ရရှိပြီး‌  ရွှေတံဆိပ် ရရှိခဲ့တယ်။   လူငယ်‌တွေကို‌ ပြောချင်တာက ဘယ်ပြိုင်ပွဲ မဆို ဂိမ်းပွိုင့်မ‌ရောက်မချင်း ကြိုးစားထားပါ။ တစ်မှတ်နဲ့ ကိုယ်ပြန်ရှုံးသွားတာ နစ်နာ ပါတယ်’’ဟု ကိုကြည်မြင့်က  ပြောသည်။

 


ယင်းပြိုင်ပွဲတွင် အလွတ် တန်းကစားသမား ၁၂၅ ဦး၊ Over  40  ပြိုင်ပွဲတွင် ၈၅  ဦး၊ Over 50 ပြိုင်ပွဲတွင် ကစား သမား  ၆၅  ဦး  ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။  အောင်ပွဲရ မြန်မာ      စားပွဲတင်တင်းနစ် ပြိုင်ပွဲဝင်    အားကစားအဖွဲ့ သည်    ယနေ့နံနက်ပိုင်းက လေကြောင်း     ခရီးစဉ်ဖြင့် ပြန်လည်   ရောက်ရှိလာရာ အားကစားနှင့် ကာယပညာ သိပ္ပံ   (ရန်ကုန်)  ကျောင်း အုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံ    စားပွဲတင် တင်းနစ်အဖွဲ့ချုပ်      ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်      အမှု ဆောင်များ      အားကစား သမားများက     ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင်   ကြိုဆိုခဲ့ကြ‌ကြောင်း  သိရသည်။          

အာကာစိုး 
ဓာတ်ပုံ-တင်စိုး