နောက်ကျသွင်းဂိုးများဖြင့် စပါးကို မန်စီးတီး ဂိုးပြတ်နိုင်

 

ပရီမီယာလိဂ်ပွဲကျန် (၇) မှ မန်စီးတီးနှင့် စပါးအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၂၀ ရက် နံနက် ၂ နာရီခွဲက အီတီဟက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

 
ယင်းနိုင်ပွဲကြောင့်     မန်စီးတီးအသင်းသည် ဦးဆောင်သူ   အာဆင်နယ်အသင်းထက်   တစ်ပွဲပို ကစားပြီး ငါးမှတ်အကွာသို့      ရောက်ရှိလာပြီ   ဖြစ် သည်။  စပါးအသင်းက သွင်းဂိုး နှစ်ဂိုးဖြင့် မိနစ် ၅၀ ကျော်အထိ         ဦးဆောင်ထားနိုင်ခဲ့သော်လည်း နောက်ပိုင်း   ပွဲချိန်များတွင်  သွင်းဂိုးများ   ဆက်တိုက် ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲနှင့်  ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ 
စပါးအတွက် သွင်းဂိုးများကို ကလူဆက်စကီး နှင့် ရွိုင်ရယ်က ပွဲချိန် ၄၄ မိနစ်နှင့် ၄၅ မိနစ်တွင် သွင်းယူပေးခဲ့သည်။   မန်စီးတီးအသင်းအတွက် သွင်းဂိုးများကို အယ်ဗာရက်ဇ်၊ ဟာလန်းနှင့် မာရက်ဇ် တို့က ပွဲချိန် ၅၁ မိနစ်၊ ၅၃ မိနစ်၊ ၆၃ မိနစ်နှင့် မိနစ် ၉၀ တို့တွင် သွင်းယူပေးနိုင်ခဲ့သည်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည်  ၁၉  ပွဲကစား   ၄၂  မှတ် ဖြင့် အဆင့် (၂) တွင် ရပ်တည်နိုင်ခဲ့ပြီး  စပါးက  ပွဲ  ၂၀ ကစားပြီး ၃၃ မှတ်ဖြင့် အဆင့် (၅) တွင် ရပ်တည် နိုင်ခဲ့သည်။                   

အောင်ဇော်