လီဗာပူးနှင့် ချယ်ဆီး သရေကျပြီး ဝက်စ်ဟမ်းနှင့် ဗီလာအနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ်    (၂၁)   မှ အကောင်းဆုံး  ပွဲစဉ်ဖြစ်သည့် လီဗာပူးနှင့်    ချယ်ဆီးအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၂၁ ရက် ည ၇  နာရီက   ယှဉ်ပြိုင်ကစားခဲ့ရာ  အပြန်အလှန်      ထိုးဖောက် တိုက်စစ်ဆင်ကစားမှုနှင့် အကြိမ် ကြိမ် ဂိုးကန်သွင်းမှု  ပြုလုပ်နိုင်ခဲ့ သော်လည်း  ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ 

 


လီဗာပူးအသင်းရော ချယ်ဆီး အသင်းပါ နိုင်ပွဲရရှိရေးကို ဦးတည် လာသည့်အတွက်   ပြိုင်ပွဲမှာ   ပွဲ စသည်နှင့်တစ်ပြိုင်နက်  ပြင်းထန်ခဲ့သည်။ ပွဲချိန် သုံးမိနစ်တွင် ချယ်ဆီးအသင်းမှ  ဟာဗက်ဇ် လီဗာပူး အသင်းဘက်သို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ 

 


ဒုတိယပိုင်းတွင်  ချယ်ဆီး အသင်းသည် ယခုအပြောင်းအရွှေ့ ကာလတွင် ရှက်တာဒိုးနက်အသင်းမှ ပေါင် ၈၈ ဒသမ ၅ သန်းဖြင့် ခေါ်ယူထားသော မူဒွိုက်ခ်ကို ထည့်သွင်း အသုံးပြုခဲ့သည်။  သို့သော် လည်း  ချယ်ဆီးအသင်း   နိုင်ပွဲရရှိရန် လုံလောက်သည့် စွမ်းဆောင်မှုမျိုး ပြသနိုင်ခဲ့ခြင်း မရှိချေ။ 

 


ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိ


ပွဲချိန်ပြည့်ခါနီးတွင်   လီဗာပူးအသင်းဘက်သို့  ချယ်ဆီးအသင်း ဂိုးပေါက်ကန်သွင်းမှု ခပ်စိတ်စိတ် ပြုလုပ်လာနိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။ ယခုပွဲသရေကျမှုကြောင့် လီဗာပူးအသင်းက ၁၉ ပွဲ ကစား ၂၉ မှတ်ရရှိကာ ချယ်ဆီးအသင်းက ပွဲ ၂၀ ကစားပြီး ၂၉ မှတ်ရရှိထားသည်။

 


  အခြားပွဲစဉ်ရလဒ်များ


အခြားပွဲစဉ်များတွင် ဝက်စ်ဟမ်းက အဲဗာတန်ကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရပြီး ဆောက်သမ်တန်ကွင်း၌ အက်စ်တွန်ဗီလာက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။

 


ဝက်စ်ဟမ်းက ရမှတ် ၁၈ မှတ်ရရှိပြီး အဲဗာတန်က ၁၅ မှတ်ရရှိထား သည်။ အက်စ်တွန်ဗီလာက ရမှတ် ၂၈ မှတ်ရရှိကာ ဆောက်သမ်တန်က ရမှတ် ၁၅ မှတ်ရရှိထားသည်။ ဇယားရပ်တည်မှုတွင် ဆောက်သမ်တန်က အဆင့် ၂၀ နှင့် အဲဗာတန်က အဆင့် ၁၉ ၌ ရပ်တည်နေသည်။

 


လက်စတာနှင့် ဘရိုက်တန်သရေကျ


ဘုန်းမောက်နှင့်  နော်တင်ဟမ်ဖောရက်စ်တို့ပွဲမှာ  တစ်ဂိုးစီ  သရေ ကျပြီး လက်စတာနှင့် ဘရိုက်တန်တို့ပွဲတွင် ပွဲပြီးခါနီးရရှိသော ဘရိုက် တန်တို့၏ ချေပဂိုးကြောင့် နှစ်ဂိုးစီ သရေဖြစ်ခဲ့သည်။

 


နော်တင်ဟမ်ဖောရက်စ်က ၂၁ မှတ်ရရှိပြီး ဘုန်းမောက်က ၁၇ မှတ် ရရှိထားသည်။ ဘရိုက်တန်က ၃၁ မှတ် ရရှိထားပြီး လက်စတာက ၁၈ မှတ်ရရှိထားသည်။
                                             

အောင်ဇော်