ပထမတန်းချန်ပီယံ လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

 

ရန်ကုန်    ဇန်နဝါရီ   ၂၅


မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပထမတန်း ချန်ပီယံလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့်   လက်ဝှေ့ကျော်   သွေးသစ်ဝင်းလှိုင်တို့   ဇန်နဝါရီ ၂၉ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်‌ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် Canal+Sports 1  နှင့် Canal+App ရုပ်သံလိုင်းတို့မှ   တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း  သိရ သည်။  

 


“ဒီပြိုင်ပွဲက       သွေးသစ်ဝင်းလှိုင်နဲ့       ထွန်းထွန်းမင်း   ကိုယ်အလေးချိန်ကွာတယ်။ အရပ်လဲကွာတယ်။ ပုံမှန်အားဖြင့်  တန်းမဟုတ် ဘူး။    ဒီပွဲက   အမှတ်ပေးပွဲထိုးမှာဖြစ်ပြီး အမှတ်နဲ့ထိုးတဲ့နေရာမှာ    သွေးသစ်၀င်းလှိုင်က  ညဏ်ရည်ကောင်းတယ်၊ တိုင်ပင်ယူတက်တယ်၊ အမှားကို‌စောင့်  ထိချက်ရ‌အောင်   ထိုးတတ် တယ်။  ဆိုင်ထိုးရင် ကျမှာ‌။  အဝင်အထွက် အရွှေ့အပြောင်းကို    အားကိုးပြီး   ကစားမှာပဲ။  အလဲထိုးနိုင်ဖို့ ခက်မှာပါ။  ထွန်းထွန်းမင်းက   တရစပ်ထိုးတတ်တယ်။    ပါဝါနဲ့ကြိုးစားမှာ ပဲ။     ယခုပြိုင်ပွဲက   အမှတ်ပေးပွဲဆိုတော့  သိပ်ပြောလို့မရဘူး”   ဟု  လက်ဝှေ့သုံးသပ်သူ တစ်ဦးက ပြောသည်။

 


အဆိုပါပြိုင်ပွဲ၌   ၆၃ ဒသမ ၅  - ၆၇ ကီလို (ဝယ်လ်တာဝိတ်တန်း)တွင်  အဲမွီနှင့်  ကမ္ဘာရှား၊ ၆၀ - ၆၃  ဒသမ  ကီလို (လိုက်ဝယ်လ်တာ ဝိတ်တန်း)  တွင်   စောရွှေလေးနှင့်  မိုးထက် အောင်၊ ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း) တွင် ရှမ်းတောက်နှင့် သွေးလင်းထက် ၊ ၆၃  ဒသမ ၅  - ၆၇ ကီလို (ဝယ်လ်တာဝိတ်တန်း) တွင် စောဂျွန်နှင့် စောထွန်းဝင်းအောင်၊ ၆၃ ဒသမ ၅ - ၆၇ ကီလို  (ဝယ်လ်တာဝိတ်တန်း)  တွင် စောကဲနှင့် သားစိုး ၊ ၅၄ - ၅၇ကီလို (ဖယ်သာ ဝိတ်တန်း)တွင် စိုးမင်းထိုက်နှင့် ကစောထူး၊ ၅၇ - ၆၀ ကီလို   (လိုက်ဝိတ်တန်း)  တွင်   စောနိုင်လင်းနှင့် ကျားရိုင်း  စသည့်  စုစုပေါင်း  တွဲဆိုင်းရှစ်ဆိုင်း  ပါဝင်သွားမည်ဖြစ်သည်။
ယင်းလက်ဝှေ့ပြိုင်ပွဲတွင် စနစ်သစ်အမှတ် ပေး    စည်းမျဉ်းအောက်တွင်      ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး   ပရိသတ်မပါဘဲ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။                

အာကာစိုး