နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်ရေး အကြမ်းဖက်အဖျက်အမှောင့်များဆန့်ကျင်

 

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့် အခြေ အနေများကြောင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ဖေဖော်ဝါရီလ  ၁ ရက်မှစ၍ နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်လိုက်သည်။ ဤသည်မှာ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်   ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF တို့က အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာ များကို  အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊   ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို သာမန် အခြေအနေထက် လွန်ကဲစွာ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော် အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုနည်းလမ်း များဖြင့် ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေ အနေရှိနေဆဲဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။

 


စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်     လိုအပ်သည်။    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းသည် မဲစာရင်း မှားယွင်းမှုမှ စခဲ့ခြင်းဖြစ်ရာ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများမှန်ကန်ရေး၊ လူဦးရေစာရင်းများ တိကျခိုင်မာရေး၊ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ရေးတို့ကို အကောင်အထည်ဖော်    ဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိရာ လုံခြုံရေးဆောင်ရွက် ပေးရန်   လိုအပ်သည့်   မြို့များသာမက  နိုင်ငံ့လူဦးရေ  ၇၀ ရာခိုင်နှုန်းနေထိုင်ရာ ကျေးလက်ဒေသများ တည်ငြိမ်အေးချမ်း ရေး၊ အကြမ်းဖက်ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ အနိုင်ကျင့်မှု၊ ဖိအားပေးမှုတို့ ကင်းရှင်းပြီး ဒေသတည်ငြိမ်အေးချမ်းလျက် နိုင်ငံသားပြည်သူများ    ဆန္ဒသဘောထား   လွတ်လပ်စွာ ဖော်ထုတ်နိုင်သည့် အခြေအနေရှိနေရန်လည်း လိုအပ်သည်။

 


ဒီမိုကရေစီစနစ်ကျင့်သုံးသည့်   နိုင်ငံတစ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပခြင်းသည်    မဖြစ်မနေ   လိုအပ်ချက် ဖြစ်သော်လည်း အကြမ်းဖက်အုပ်စုများဖြစ်ကြသည့် CRPH ၊ NUG နှင့် ၎င်းတို့၏  လက်ဝေခံ  PDF  အမည်ခံ အကြမ်းဖက် သမားများကမူ ရွေးကောက်ပွဲဖြစ်ပေါ်လာမည်ကို မလိုလား ကြ။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ အထမြောက် အောင်မြင်ပြီး   ပြည်သူလူထုက    ရွေးကောက်တင်မြှောက် လိုက်သည့်   ကိုယ်စားလှယ်များ  တက်လာပါက  ၎င်းတို့ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ ဖြစ်မလာရေးသည် ၎င်းတို့အဖို့ သေရေးရှင်ရေးပင်ဖြစ်သည်။ သို့ဖြစ်ရာ   နောက်ကွယ်မှ   အကြမ်းဖက်အားပေး  EAO  နှင့် ပြည်ပနိုင်ငံအချို့၏ တိုက်ရိုက်/သွယ်ဝိုက်ထောက်ပံ့ပေးကမ်း မှုများနှင့်အတူ   အကြမ်းဖက်အုပ်စုများ၏   ဖောက်ခွဲ၊   မီးရှို့၊ တိုက်ခိုက်၊ သတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာမည့် အခြေအနေ များ ရှိနေသည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန် ထမ်းဆောင်နေရသည့် အိမ်စောင့်အစိုးရတစ်ရပ်ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ပြည်သူလူထု က ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ်  ပေါ်ထွန်း လာရေးအတွက်    လွတ်လပ်၍    တရားမျှတသော   ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး တွင် အကြားအလပ်မရှိ ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ရွေးကောက်ပွဲ    ပြီးမြောက်အောင်မြင်ပါက     ပြည်သူတို့၏ ဆန္ဒနှင့်အညီ   ရွေးချယ်တင်မြှောက်သော  အစိုးရတစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်ရာ နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အကြမ်းဖက်အဖျက်အမှောင့် များကို ဆန့်ကျင်တိုက်ဖျက်ကြရပါမည့်အကြောင်း။        ။