
ရန်ကုန် ဖေဖော်ဝါရီ ၂
(၃၃) ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံကို ဖေဖော်ဝါရီ ၁ ရက်က ဘာရိန်းနိုင်ငံ မနားမားမြို့၌ ကျင်းပရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖာတီနိုနှင့် ဖီဖာမှ တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌနှင့် AFC အလုပ်အမှုဆောင်များ၊ အာရှဒေသတွင်း ဘောလုံးအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။
အာရှ ဘောလုံးအဖွဲ့ချုပ် ညီလာခံကို အခမ်းအနား အစီ အစဉ် ၁၆ ရပ်ဖြင့် ကျင်းပခဲ့ပြီး လက်ရှိ တာဝန်ယူ ထမ်းဆောင် နေသော AFC ဥက္ကဋ္ဌ ရှိတ်ဆာမန် သည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် (၂၀၂၃-၂၀၂၇) ခုနှစ် သက်တမ်းအတွက် ဆက်လက် ရွေးချယ်ခံရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော် ဇော်သည် အာရှ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် (33rd AFC Congress 2023) တွင် အာရှဘောလုံးအဖွဲ့ ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ (Senior Vice President) အဖြစ် ရွေးချယ်ခံရသည်။ ဦးဇော်ဇော် သည် (၂၀၂၃-၂၀၂၇) ခုနှစ် သက်တမ်းအတွက် အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (အာဆီယံ ဇုန်) မှ မဲပေးရွေးချယ်ခံရခြင်းဖြစ် ပြီး AFC Executive Committee အဖွဲ့ဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၂၀၁၉ ခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တွင် ပထမအကြိမ် အဖြစ် (၂၀၁၉-၂၀၂၃) လေးနှစ်တာ အတွက် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် စတင် ရွေးချယ်ခံခဲ့ရသည်။ ထို့ပြင် ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ် လူမှု အကျိုးပြုကော်မတီ ဥက္ကဋ္ဌ (Chairman of AFC Social Responsible Commi-ttee) အဖြစ်လည်းကောင်း၊ AFC Drea Asia Foundation အဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူ ထားသူဖြစ်သည်။
33rd AFC Congress 2023 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ ဒုတိယဥက္ကဋ္ဌများ ဖြစ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့သည်။
ကိုညီလေး