ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်မည့် ၂၀၂၃ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ထွက်ပေါ်

ဖေဖော်ဝါရီ  ၂၁ ရက်တွင်  စတင် ကျင်းပမည့်   ၂၀၂၃   ရာသီ MNL အမှတ်ပေးပြိုင်ပွဲ     ပွဲစဉ်ဇယား ထွက်ပေါ်လာပြီဖြစ်ပြီး    ပထမ နေ့အဖြစ်   လက်ရှိချန်ပီယံ  ရှမ်း ယူနိုက်တက်အသင်းနှင့် အား/ကာ  သိပ္ပံအသင်း၊ ဒဂုံစတား  ယူနိုက် တက်အသင်းနှင့်     ဧရာဝတီ အသင်းတို့   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 


လာမည့်ရာသီ MNL အမှတ် ပေးပြိုင်ပွဲကို အသင်းစုစုပေါင်း ၁၂ သင်းဖြင့်    ကျင်းပမည်ဖြစ်ပြီး ပထမအကျော့     ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်မှ ဇူလိုင် ၆ ရက်၊  ဒုတိယအကျော့ပွဲစဉ်များကို ဇူလိုင် ၁၅ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်အားလုံးကို ရန်ကုန်မြို့တွင်သာ ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်းနှင့် YUSC  ကွင်း၌  ပြုလုပ်သွားမည် ဖြစ်သည်။ 

 


၂၀၂၃ MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အပါအဝင် ရန်ကုန်၊ ဟံသာဝတီ၊ မြဝတီ၊ ဧရာဝတီ၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ GFA ၊ ရခိုင်ယူနိုက်တက်၊ တန်းတက် အသင်းများဖြစ်သော ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

 


ပွဲစဉ် (၁) အဖြစ် ဖေဖော် ဝါရီ ၂၁ ရက်တွင်  YUSC  ကွင်း၌ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ သုဝဏ္ဏ ကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက် တက်အသင်း၊  YUSC  ကွင်း၌ ရတနာပုံအသင်းနှင့် ကချင်ယူနိုက်တက် အသင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင်  YUSC  ကွင်း၌ ဟံသာဝတီအသင်းနှင့် မြဝတီအသင်း၊ သုဝဏ္ဏကွင်း၌  GFA  အသင်းနှင့်  ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                             

 

ကိုညီလေး