နောက်ကျသွင်းဂိုးများဖြင့် လိဒ်စ်ကို သရေကျခဲ့သည့် မန်ယူ

 

ပရီမီယာလိဂ်ပွဲကျန် (၈) မှ မန်ယူ နှင့်   လိဒ်စ်အသင်းတို့   ပွဲစဉ်ကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခွဲ က အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ် အနယ်     ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်   နှစ်ဂိုးစီဖြင့်   ပွဲပြီးဆုံး ခဲ့သည်။ လိဒ်စ်အသင်းက ပွဲချိန် တစ်မိနစ်မှာပင် ဦးဆောင်ဂိုး ရရှိ ခဲ့ပြီး   ဂနွန်တိုက    သွင်းယူပေးခဲ့ သည်။   ထို့နောက်တွင်    မန်ယူ အသင်း  ချေပဂိုးရရှိရေး  ကြိုးစား
လာသော်လည်း ပြိုင်ဘက်ခံစစ်နှင့် ဂိုးသမားတို့  ရှင်းထုတ်ဟန့်တားပုံ ကောင်းမွန်သည့်အတွက်  အခက်တွေ့ခဲ့ရသည်။   ပွဲချိန်  ၄၈  မိနစ်တွင် မန်ယူခံစစ်ကစားသမား ဗာရာနီ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလိုဖြစ်ခဲ့၍ လိဒ်စ်အသင်း  ဒုတိယ ဂိုးရရှိခဲ့သည်။ 

 


ပွဲချိန် ၅၉ မိနစ်တွင် ဆန်ချိုနှင့် ပယ်လစ္စ ထရီတို့   ဝင်လာပြီးနောက်ပိုင်း   ချေပဂိုးများ  သွင်းယူရရှိနိုင်သည်အထိ   မန်ယူအသင်း၏ ကစားဟန်    တိုးတက်လာခဲ့သည်။    ပွဲချိန် ၆၂ မိနစ်တွင် တိုက်စစ်ကစားသမား ရက်ဖို့ဒ် ခေါင်းတိုက်အဆုံးသတ်   သွင်းယူနိုင်ခဲ့သည့် အတွက်   မန်ယူအသင်း  ချေပဂိုးရရှိခဲ့သည်။  ယခုပွဲစဉ်တွင် သွင်းဂိုးရရှိခဲ့သော ရက်ဖို့ဒ်သည်  ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ အထိ ရှိလာပြီဖြစ်သည်။     မန်ယူအသင်းအတွက် ဒုတိယဂိုးကို  ပွဲချိန်  မိနစ်  ၇၀  တွင်  ရရှိခဲ့ပြီး လူစားဝင်ကစားသမား   ဆန်ချိုက   ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့သည်။ ဆန်ချို၏ အဆိုပါ သွင်းဂိုးသည် အောက်တိုဘာလနောက်ပိုင်း ၎င်း၏ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


မန်ယူနှင့် လိဒ်စ်အသင်းတို့သည် လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပရီမီယာလိဂ်ပွဲစဉ် (၂၃)  ကို  ဆက်လက်  ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                

အောင်ဇော်