
အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ် ၂၄ မှာ အက်စ်တွန်ဗီလာနဲ့ အာဆင်နယ်၊ ချယ်ဆီးနဲ့ ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ လီဗာပူး၊ မန်ယူနဲ့ လက်စတာအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်တွေပါဝင်နေပါတယ်။
အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ဖို့ အမှားအယွင်းခံလို့ မရတော့တဲ့ အာဆင်နယ်အနေနဲ့ အက်စ်တွန်ဗီလာအသင်းကို မဖြစ် မနေနိုင်ပွဲရရှိဖို့ လိုအပ်နေပါတယ်။ အာဆင်နယ်အသင်းက ကြားရက် မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အရေးနိမ့်ခဲ့တာကြောင့် အဆင့် (၂) နေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ထိုနည်းတူ မန်စီးတီး အသင်းကလည်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ နော်တင်ဟမ်အသင်းကို အနိုင်ရဖို့ လိုအပ်နေပါတယ်။
နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ နယူးကာဆယ် အသင်းက ယခုနှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်နိုင်ပွဲ ပြန်လည်ရှာတွေ့ထားတဲ့ လီဗာပူးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး အဆင့် (၄) အတွင်းဝင်ရေး မျှော်လင့်ချက် အားကောင်းလာစေဖို့ ခြေကုန်ထုတ်လာမှာ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ သေချာတယ်။ မန်ယူက ယခုပွဲစဉ်မတိုင်မီ ဘာစီလိုနာ အသင်းနဲ့ ကစားထားရတာကြောင့် ပွဲပန်းနေနိုင်တယ်။ အကြိတ်အနယ် ရှိပြီး မန်ယူကပ်နိုင်ဖွယ်ရှိတယ်။
မိုးဇက်