၂၀၂၃ ရာသီ MNL ပြိုင်ပွဲ အဖွင့်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အနိုင်ရ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁


၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို  ဖေဖော်ဝါရီ ၂၁ ရက်က  ရန်ကုန်မြို့ရှိ   သုဝဏ္ဏကွင်းနှင့်   YUSC  ကွင်း၌  စတင်ကျင်းပရာ         လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အနိုင်ရခဲ့သည်။

 


YUSC   ကွင်း၌    ကျင်းပသည့်ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းက    အား/ကာ သိပ္ပံအသင်းကို   နှစ်ဂိုးပြတ်   အနိုင်ရခဲ့ သည်။     ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်း  သွင်းဂိုးများဖြင့် အမှတ်ပြည့် ရယူနိုင်ခဲ့ပြီး     အဖွင့်လှခဲ့သည်။    ရှမ်း ယူနိုက်တက်အသင်းသည်    ပြီးခဲ့သည့် ရာသီက  တစ်ရာသီလုံး   ရှုံးပွဲ မရှိခဲ့သလို ယခုရာသီ အဖွင့်ပွဲတွင်လည်း   နိုင်ပွဲရ အောင် စွမ်းဆောင်နိုင်ခဲ့သည်။

 


ရှမ်းယူနိုက်တက်အသင်း၏  ပွဲထွက် လူစာရင်းတွင်    နိုင်ငံခြားသား    ကစား သမားတစ်ဦးသာ ပါဝင်ခဲ့ပြီး    ယခင်ကစား သမားဟောင်းများဖြစ်သည့်   ကျော်ဇင် ဖြိုး၊  ရဲမင်းသူ၊  ဟိန်းသီဟဇော်၊ နန္ဒကျော်၊မြတ်ကောင်းခန့်၊   ကျော်ဇင်လွင်၊  ကစားသမားသစ်များ     ဖြစ်သည့်      ဘယ်လို၊   မျိုးကိုထွန်း၊ ရဲရင့်အောင် တို့ဖြင့် ပွဲထွက်ခဲ့သည်။   အား/ကာ သိပ္ပံအသင်းတွင်မူ ပြီးခဲ့သည့်ရာသီ က  ကစားခဲ့သည့်   အမာခံကစား သမားအများစု   အသင်းပြောင်းရွှေ့ သွားသဖြင့် ကစားသမားသစ်များ ဖြင့်   ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက် တက်  အသင်းသည်     ပွဲစတင် ကတည်းက   တိုက်စစ်ဖွင့်ကစားခဲ့ သလို  အား/ကာ  သိပ္ပံအသင်းက လည်း လူငယ်ကစားသမားများပီပီ အကောင်းဆုံး ပြန်လည်တုံ့ပြန်ခဲ့ သည်။ 

 


ပထမပိုင်းတွင်     နှစ်သင်း စလုံး  ဂိုးရနိုင်သည့် အခွင့်အရေး များရသော်လည်း   အသုံးမချနိုင် သဖြင့်    ဂိုးမရှိ   သရေကျနေ သည်။ 

 


ဒုတိယပိုင်းတွင်       ရှမ်း ယူနိုက်တက်အသင်းက         ကစား သမားများ      အပြောင်းအလဲ         ပြုလုပ်ကာ      တိုက်စစ်မြှင့်ခဲ့ပြီး     လူစားဝင်ကစားသမား လင်းထက် စိုးက    ၆၂  မိနစ်တွင်   ဂိုးစတင် သွင်းယူခဲ့သည်။ 
ဂိုးရပြီး        နောက်ပိုင်းတွင် ရှမ်းယူနိုက်တက်     အသင်းက      ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး   ၈၂  မိနစ် တွင်  ရဲရင့်အောင်က    ဒုတိယဂိုး  ထပ်မံ သွင်းယူခဲ့သည်။

 


သုဝဏ္ဏကွင်း၌  ကျင်းပသည့် ပွဲတွင်  ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီအသင်း  နှစ်ဂိုးစီသရေကျ ခဲ့သည်။  ၁၂ မိနစ်တွင် နန်းထိုက် ဇော်က   ဒဂုံစတားယူနိုက်တက် အသင်းအတွက် ဂိုးစတင်သွင်းယူ ခဲ့ပြီး   ပထမပိုင်းတွင်    တစ်ဂိုး အသာဖြင့်    ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင်   ဧရာဝတီ အသင်း       ချေပဂိုးပြန်ရခဲ့ပြီး အောင်သီဟက    သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချေပဂိုးသွင်းယူခဲ့သည့် အောင်သီဟသည် ၆၈ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ညီညီအောင်က   ၈၈   မိနစ်တွင် ဒဂုံစတားအသင်းအတွက် ချေပဂိုး ပြန်သွင်းယူခဲ့သည်။

 


ပွဲစဉ်   (၁)   ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၂ ရက်   (ယနေ့) ဆက်လက်      ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက် နှင့်   ရခိုင်ယူနိုက်တက်၊   YUSC ကွင်း၌    ရတနာပုံနှင့်    ကချင် ယူနိုက်တက်တို့   ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ 

ရဲရင့်လွင်
ဓာတ်ပုံ-MNL