၂၀၂၃ MNL ပြိုင်ပွဲတွင် ရန်ကုန်အသင်း ဂိုးပြတ်အနိုင်ရ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၃


၂၀၂၃  ရာသီ  MNL  အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်  (၁) နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၂၃ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်အသင်း ဂိုးပြတ် အနိုင်ရခဲ့သည်။

 


သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက GFA အသင်း ကို   ငါးဂိုးပြတ်အနိုင်ရခဲ့သည်။   ရာသီကြိုပြင်ဆင်မှုများစွာ   ပြုလုပ် ထားသည့် ရန်ကုန်အသင်းသည် ရာသီအစ ပထမဆုံးပွဲတွင် နိုင်ပွဲ ရယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ဟက်ထရစ်အပါအဝင်  ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး  ဇယားထိပ်ဆုံးနေရာ ရယူ နိုင်ခဲ့သည်။

 


ရန်ကုန်အသင်းသည်    ပွဲစကတည်းက   တိုက်စစ်ဖွင့်ကစားခဲ့ပြီး  GFA အသင်းသည် အပြန်အလှန်ကစားနိုင်ရန်  ကြိုးပမ်းခဲ့သော်လည်း  ခံစစ်ပိုင်းအားနည်းချက်များကြောင့်  ဂိုးများ ဆက်တိုက်ပေးခဲ့ရသည်။  ရန်ကုန်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၂၁၊  ၃၀၊  ၄၅  မိနစ်တွင်  ဟက်ထရစ်      သွင်းယူခဲ့သည်။    ဒုတိယပိုင်းတွင်လည်း   ရန်ကုန်အသင်းက  ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး  မိနစ်  ၅၀  တွင် ကောင်းထက်စိုးနှင့် ၈၆   မိနစ် တွင် ဥက္ကာနိုင်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

 


YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းနှင့် ဟံသာဝတီ အသင်း  တစ်ဂိုးစီသရေကျခဲ့သည်။  ပွဲစဉ်  (၁) တွင် စုစုပေါင်း ခြောက်ပွဲ   ကျင်းပရာ နှစ်ပွဲသာ အရှုံးအနိုင်  ရလဒ်ထွက်ပေါ်ခဲ့ပြီး ကျန်လေးပွဲမှာ သရေကျခဲ့သည်။   လက်ရှိချန်ပီယံ   ရှမ်းယူနိုက်တက်က   အား/ကာ သိပ္ပံကို  နှစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်အသင်းက GFA အသင်းကို ငါးဂိုးပြတ် အနိုင်ရပြီး ဒဂုံစတားနှင့်  ဧရာဝတီအသင်း  နှစ်ဂိုးစီသရေ၊  ရတနာပုံ နှင့် ကချင်ယူနိုက်တက် ဂိုးမရှိသရေ၊ မဟာယူနိုက်တက်နှင့် ရခိုင် ယူနိုက်တက် ဂိုးမရှိသရေ၊ မြဝတီနှင့်  ဟံသာဝတီ  တစ်ဂိုးစီ သရေကျ ခဲ့သည်။                               

ရဲရင့်လွင်
ဓာတ်ပုံ - MNL