ဘာစီလိုနာကို အနိုင်ယူသည့် မန်ယူတို့ ယူရိုပါလိဂ်ပြိုင်ပွဲ နောက်တစ်ဆင့်တက်

 

ယူအီးအက်ဖ်အေ    ယူရိုပါလိဂ်   ၃၂ သင်းအဆင့် ဒုတိယအကျော့ တွင် မန်ယူက ဘာစီလိုနာအသင်း  ကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ပွဲကြည့်ပရိသတ်  ၇၃၀၀၀ ကျော်  လာရောက်ကြည့်ရှုသော အဆိုပါ   ပွဲစဉ်ကို   ဖေဖော်ဝါရီ ၂၄  ရက်က  အိုးထရက်ဖို့ဒ်ကွင်း၌    ယှဉ်ပြိုင်ကစားခဲ့သည်။ 


ထို့ကြောင့် မန်ယူအသင်းသည်         ဘာစီလိုနာအသင်းကို     နှစ်ကျော့ ပေါင်းရလဒ်   လေးဂိုး - သုံးဂိုးဖြင့်  အနိုင်ရရှိကာ    ယူရိုပါလိဂ်ပြိုင်ပွဲနောက်တစ်ဆင့်သို့         တက်လှမ်းနိုင်ခဲ့သည်။    ဦးဆောင်ဂိုးကို   ဧည့်သည်  ဘာစီလိုနာအသင်းက ပွဲချိန် ၁၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့်  လီဝမ် ဒေါစကီးက     သွင်းယူနိုင်ခဲ့သည်။   အန်တိုနီ  ဝင်ရောက်လာပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးသွင်း ယူနိုင်သည်အထိ  ပွဲအလှည့်အပြောင်း ဖြစ်ခဲ့သည်။   မန်ယူအတွက် ချေပဂိုးကို ပွဲချိန်  ၄၇ မိနစ်တွင် ဖရက် နှင့် အနိုင်ဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် အန်တိုနီတို့က သွင်းယူပေးနိုင်ခဲ့သည်။ 


မန်ယူအသင်းသည် ယခုနှစ်ရာသီ ယူရိုပါလိဂ်တွင် လူစားဝင် ကစားသမားများက သွင်းဂိုးခြောက်ဂိုးအထိ  ရယူထားနိုင်ပြီး   အခြားသော  အသင်းများထက် သာလွန်မှတ်တမ်း ပိုင်ဆိုင်ခဲ့သည်။              

မိုးစက်